လှူတတ်ရင်များစွာကုသိုလ်ရပြီး မလှူတတ်ရင်ကုသိုလ်မရအပယ်ငရဲကျိန်းသေကျနိုင်မယ့်ဗုဒ္ဓဘာသာ၀င်တို့သတိပြုရမည့်အချက်များ

knowledge

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန – မိန်းမအလှူ။

၄။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန – ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန – လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ဝိသဒါန – အဆိပ္အလႉ။

၈။ သင်္ခလိကဒါန – လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ဝက် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ – ချိန်စဉ်းလဲ၊ တင်းစဉ်းလဲအလှူ။ တို့ဖြစ်ပါတယ်။

(၁) – သမဇ္ဇဒါန လို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေ ထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်းနှီးသူအချင်းချင်းလည်း “သူငယ်ချင်း’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ ထည့်ဝင် လှူဒါန်းပါရစေ ဆိုပြီး” အပြစ်ကင်းတဲ့ အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါး ရောက်စေတတ်သော မကောင်းသော အလှူကို ပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ် မရသည့်အပြင် အပ္ပါယ်လေးပါးကို ရောက်စေတတ်ပါသောကြောင့် ထိုထိုသော အလှူကို မပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၂) မဇ္ဇဒါန– သေရည် သေရက်အလှူ (ဘီယာ ထန်းရည် ဆေးခြောက် စသည်)လို့ ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီး တွေ့ရတတ်ပါတယ်။မိမိရဲ့မွေးနေ့မှာ သော်လည်းကောင်း အလုပ်အကိုင် အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ၊ ဖိတ်ပြီး သေရည် သေရက် ဘီယာစသဖြင့် ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟု ထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကို ပြောလိုတာပါ။တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ ဒါနပါ။ ဒါကြောင့် ထိုထိုသော ဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၃) – ဣတ္ထိဒါန မရိုသေစကား ယခုခေတ် အတိုင်းတာနဲ့ ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေသူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ် ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေ အကုန်ကျခံပြီး ငှားရမ်းပေးတဲ့ (prostitute) အလှူဒါန ကို ပြောလိုခြင်း ဖြစ်ပါတယ်။အဲဒီလို အခကြေးငွေ အကုန်ကျခံပြီး လုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါး ရောက်စေတတ်တဲ့ ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) – ဥသဘဒါန ကတော့ နွားတို့မှာ ဦးဆောင်နွားလား.. မြင်းတို့မှာလည်း ဦးဆောင်မြင်းလား တို့ကို ပေးလှူတဲ့ အလှူဒါနပါ။ ယခုခေတ်မှာ အနည်းငယ် ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန –ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ် စိတ်ကာမရာဂ စိတ်တွေ ဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကို ပေးလှူတဲ့ အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။ထိုထို အလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါး ရောက်စေတတ်သော အလှူဒါန ဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန –လက်နက် ခဲယမ်းမီးကျောက် အလှူ။ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကို ပြောခြင်းဖြစ်ပါတယ်။

၇။ ဝိသဒါန – အဆိပ်အလှူ။ ဆိုတာက တစ်ဦးတစ်ယောက်ကို သေစေလိုသော စေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကို ပေးလှူတဲ့ဒါနကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန – လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။ ဆိုတာက တစ်ဦးတစ်ယောက်ကို ချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ဝက် သားကောင် အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင် သတ်ပြီးတော့၎င်း သူတစ်ပါးအား သတ်စေပြီး ချက်ပြုတ် စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့ အလှူဒါနကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ – ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး) တစ်မျိုး။ ဝယ်တဲ့(အလေး)က တစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ) ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)က တစ်မျိုး။ဝယ်တဲ့ (ပြည်တောင်း)က တစ်မျိုး (ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကို ထုတ်လုပ် ရောင်းချခြင်း။

ဒါမှမဟုတ် ပေးလှူခြင်း စတဲ့ အလှူဒါနမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ယခုဖော်ပြပြီး တဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကို ရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသော အလှူဒါနဟု ထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ ။

နောင်တစ်ကြိမ် မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်း လိုပါတယ်။ထိုထိုသို့သော အလှူများသည် ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကို ရောက်စေတတ်တာကြောင့် အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာ တရားများကိုပါ အချိန်ရသလောက် စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါစေဟု ဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။သာယာချမ်းမြေ့ကြပါစေ။

Credit :အရှင်ဝိမလဝံသ

Leave a Reply

Your email address will not be published. Required fields are marked *