နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ပိဋကတ်တစ်ပုံဆောင် အမျိုးသမီး(သို့မဟုတ်) အာဂဓမ္မခရီးသည် ….

ဒီကေ န့ ၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲ ဘွဲ့နှင်းသဘင်ဟာ ထူးခြားမှုတွေနဲ့ ပြည့်နက်နေပါတယ်

နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဦးဆုံး ပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။

အမျိုးသမီးတွေအတွက်တော့ တကယ် အားတက်စရာပါပဲ။ ဒါဟာ အမျိုးသမီးတွေလည်း လုပ်ခွင့်ရှိတယ်၊

လုပ်နိုင်တယ်ဆိုတာကို သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။

အ စိုးရစစ် တိပိဋက ရွေးချယ်ရေး စာမေးပွဲတွေမှာ ပိဋကတ်တွေ ဆောင်ဖို့ဆိုတာ အမျိုးသား ရဟန်းတော်များမှာသာ အခွင့်အရေးရှိပါတယ်။

အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက ကျင်းပတဲ့အဘိဓမ္မစာတော်ပြန်ပွဲမှာတော့ ကျား/မ မရွေး ဖြေဆိုခွင့်ပြုထားတာမို့ အခွင့်အရေး တန်းတူပါပဲ။

တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက် အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောလို့ရပါတယ်။

အထူးသဖြင့် အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ်သက်ဝင်ဖို့ အလွန်ခက်ပါတယ်။

အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲပါတယ်။

အဘိဓမ္မာ ရကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈ရကို အာဂုံလည်း

အလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်။

လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်။

ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကို ဦးစွာ ဖြေဆိုအောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈ရကို ဖြေဆိုခွင့်ရှိပါတယ်။

အခြေခံအဆင့်မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့ အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာ ဖြစ်ပါတယ်။

အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာ သဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။

ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ ထူးချွန်စွာ ဖြေဆိုနိုင်လို့

(အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘွဲ့ထူးကိုလည်း တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူး ခဲ့ရပါတယ်။

ဒါ့အပြင် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးကလည်း ဆရာမကြီးကို ချီးမြှင့်ငွေ သိန်း(၁၀၀) ချီးမြှင့် ပေးအပ်ခဲ့ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရပါတယ်

ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို

ဂုဏ်ယူ သာဓုခေါ်ပြီး အတုယူ သာသနာပြုနိုင်ပါစေကြောင်း ဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါသည်။

ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒ ဉာဏိနီ၊အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)အား ဂုဏ်ပြု၍မေတ္တာဖြင့်၊

မောင်စော(25-12-2019)(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများ ဖြန့်ဝေသင်ကြားလျက် ရှိပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *