အရည်အသွေးမြင့် ကစားသမား ၄ဦးလောက် ထပ်ခေါ်ဖို့ လိုကြောင်းပြောလာတဲ့ ဆာဟာ

အရည်အသွေးမြင့် ကစားသမား ၄ဦးလောက် ထပ်ခေါ်ဖို့ လိုကြောင်းပြောလာတဲ့ ဆာဟာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 ဘောလုံး ရာသီ အတွင်း အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ ပွဲစဉ် 7 ပွဲ ကစားထားခဲ့ပြီး 3 ပွဲ နိုင် ၊ 1 ပွဲ သရေ ၊ 3 ပွဲ ရှုံး ၊ ရမှတ် 10 မှတ် စုဆောင်း ထားမှုဖြင့် အမှတ်ပေး ဇယား အဆင့် 14 နေရာ မှာသာ ရပ်တည် နေပါတယ်..

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က အသင်းဟောင်း အနေ နဲ့ အမှတ်ပေး ဖလားကို တစ်ဖန် ပြန်လည် ဆွတ်ခူး နိုင်ဖို့ အတွက် ဘရူနို ဖာနန်ဒက်စ်လို အရည်အသွေး မြင့်တဲ့ ကစားသမား လေးဦးလောက် ထပ်မံ ခေါ်ယူရလိမ့်မယ်လို့ ပြောလိုက်ပါတယ်…

ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြိုင်ဖက် အသင်းတွေ ဖြစ်ကြတဲ့ PSG ၊ RB လက်ပ်ဇစ် အသင်း တွေကို အနိုင် ကစား နိုင်ခဲ့ပေမယ့် တူရကီ မြေမှာတော့ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ရှုံးနိမ့် ခဲ့ပါတယ်…

ဒါ့ကြောင့် ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည် တွေဟာ တည်ငြိမ်မှု ကင်းမဲ့ နေခဲ့ပြီး နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ရဲ့ အနာဂတ် ကလည်း အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဆက်လက် ရှိနေ နိုင်ဦး မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖစ်ပါတယ်..

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ အတွင်း ယူနိုက်တက် အသင်းဆီ ပေါင် 67.8 သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် တစ်ဦးကသာ အသင်း အတွက် 33 ပွဲ ကစားပေး ခဲ့ပြီး 18 ဂိုး သွင်းယူ ၊ ဖန်တီးမှု တွေကို လုပ်ဆောင်ရင်း တည်ငြိမ်တဲ့ ခြေစွမ်း အချို့ ပြနိုင်ခဲ့ ပါတယ် ။

လူးဝစ် ဆာဟာက ဖာနန်ဒက်စ်ဟာ ယူနိုက်တက်တို့ လိုအပ် နေတဲ့ ကစားသမားမျိုး ဖြစ်ပြီး အသင်းဟောင်း အနေနဲ့ အမှတ်ပေး ဖလားကို ဆွတ်ခူး နိုင်ဖို့အတွက် နောက်ထပ် ဒီလို ကစားသမား ခေါ်ယူမှု လေးခု အထိ လုပ်ဆောင်ဖို့ လိုအပ် သေးကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။

…မန်ယူသတင်းများ…
..(ply)…

Be the first to comment

Leave a Reply

Your email address will not be published.


*