မိမိတို့အသင်း ကစားပုံဟာ ဆိုးရွားခဲ့ကြောင်း အာတီတာ ဝန်ခံပြောကြား

မိမိတို့အသင်း ကစားပုံဟာ ဆိုးရွားခဲ့ကြောင်း အာတီတာ ဝန်ခံပြောကြား

အိမ်ကွင်း အမ်းမရိတ်မှာ အက်စတွန်ဗီလာ အသင်းကို သုံးဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ အာတီတာ ဟာ ပြိုင်ဘက် အသင်းကို ဂုဏ်ပြု သွားခဲဲ့ပြီး အာဆင်နယ် အသင်းရဲ့ ကစားပုံဟာ ဆိုးရွားခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်..

ပရီးမီးယားလိဂ် ပွဲစဉ် (၈) ရဲ့ နောက်ဆုံးပွဲစဥ်အဖစ် အက်စတွန်ဗီလာ အသင်းဟာ အဝေးကွင်းမှာ အာဆင်နယ် အသင်းကို သုံးဂိုးပြတ် နဲ့ အနိုင် ရသွားခဲ့ပါတယ် ။

ဧည့်သည် အက်စတွန်ဗီလာ အသင်းဟာ ပွဲစစချင်းမှာပဲ မက်ဂင် ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ဘာကလေ လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး ။ ပထမပိုင်းမှာ အက်စတွန်ဗီလာ အသင်းဟာ အာဆင်နယ် ထက် ကစားပုံပိုကောင်းခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ ဆာကာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ဗီလာ တို့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ အက်စတွန်ဗီလာ အသင်းဟာ သုံးမိနစ်အတွင်း နောက်ထပ် ဦးဆောင်ဂိုး နှစ်ဂိုး ထပ်မံ ရရှိ ခဲ့ပါတယ် ။ ဒုတိယဂိုးကတော့ လှပတဲ့ one touch တွေနဲ့ ရသွားခဲ့တာဖြစ်ပြီး ဘာကလေ ရဲ့volley ကန်ချက်နဲ့ ဖန်တီးပေးပို့မှုကို ဝက်ကင်းစ် က ပိတ်သွင်း ယူခဲ့တာပါ ။

အက်စတွန်ဗီလာ အတွက် တတိယ သွင်းဂိုးကတော့ တန်ပြန်တိုက်စစ် ကနေ ရရှိ ခဲ့တာ ဖြစ်ပြီး ဂရီးလစ်ရှ် ရဲ့ ပေးပို့မှုကို ဝက်ကင်းစ် ကပဲ ကန်သွင်းယူ သွားခဲ့တာပါ ။ ဒီနေ့ နိုင်ပွဲကြောင့် အက်စတွန်ဗီလာ အသင်းဟာ အဆင့် ၆ နေရာ ရောက်ရှိ လာခဲ့ပြီး အာဆင်နယ် ကတော့ အဆင့် ၁၁ အထိ ရောက်သွားခဲ့ပါတယ် ။

..အာဆင်နယ်သတင်းများ..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*