ရေဘယ်လောက်ကြီးကြီး ရေမမြုပ်တဲ့ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ ဘုရားနှစ်ဆူ

knowledge

ရေဘယ်လောက်ကြီးကြီး ရေမမြုပ်တဲ့ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ ဘုရားနှစ်ဆူ။

မရောက်ဖူးသူများဖူးမြော်နိုင်ရန် မျှဝေပေးပါတယ်။

ဒီစေတီတော်နှစ်ဆူကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာ အနီးကဖြစ်ပါတယ်

ထူးခြားတာကတော့ နှစ်စဉ်ရေကြီးတိုင်း ရေဘယ်လောက်များများ စေတီတော်တွေရဲ့ရင်ပြင်တော်တွေသော်မှ ရေမမြုပ်ပါဘူးတဲ့

ဘုရားကုန်းမြေကလည်းအရမ်းမြင့်နေလို့လဲမဟုတ်ပါဘူး

ယခုလိုထူးခြားအံ့ဖွယ် တွေ့ခဲ့ရတဲ့စေတီတော်တွေကတော့ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တယ်လို့သိရပါတယ်

အလောင်းစည်သူမင်းကြီးရဲ့ဖောင်တော်ရှေ့နောက်တစ်ဆူစီတည်ထားခဲ့တယ်လို့သိရပါတယ်

သူငယ်ချင်းများလည်း ဖူးမျှော်နိုင်ရန်အလို့ငှာ တင်ပေးရခြင်းဖြစ်ပါတယ်

မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *