Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း(Aamir Khan)ရဲ့ လှည့်ကွက်

အဖြူရောင်မုသားစေတနာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကြီးမှာ
တစ်ကမ္ဘာလုံးက သိတဲ့
Bollywood ရုပ်ရှင်မင်းသားကြီး
အမီးရ်ခန်း(Aamir Khan) နေထိုင်သတဲ့။

သူက အရမ်းလည်းချမ်းသာတယ်ဆိုပဲ။ အခုလို Covid ကာလမှာ သူက
လူတွေကို ကြေငြာသတဲ့။
သူ ဂျုံကြမ်းအထုပ်ကလေးတွေ
အများကြီးထုပ်ထားတယ် ၊
လာယူကြပါလို့ ပြောသတဲ့။

မြို့နေလူထုကလည်း အံဩသွားပြီး
ဝေဖန်မှု့တွေမြင့်တက်လာ သတဲ့

ဒီလောက်ချမ်းသာတာ
ဂျုံကြမ်းမှုန့်ပဲပေးတာလား?
စေတနာမကောင်းဘူး
ပေးချင်တယ်ဆို
ဂျုံအနုမှုန့် ကောင်းတာပေးပါလား??? ပိုက်ဆံပေးပါလား
ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့”
မကောင်းဘူးထင်ပြီး သွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြသတဲ့။

သို့သော်
တစ်ကယ်စားရမဲ့ သောက်ရမဲ့
အတိဒုက္ခရောက်နေတဲ့သူတွေကတော့
သွားယူသတဲ့။
စားစရာမရှိလို့ ဂျုံမှုန့်ထုပ်လေးတွေ သယ်ပြီး အိမ် ပြန်ရောက်
ပူရီတို့ ချာပါတီတို့ မုန့်လုပ်ဖို့
အိပ်ကို ဖွင့်လိုက်ချိန်မှာ
(အိပ်ထဲမှဂျုံမုန့်အကြားမှာ)
ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်)
သေချာစွာထည့်ထားပေးတာကို
ဂျုံအိတ်သွား ယူသူတွေရရှိသွားခဲ့ပါသတဲ့။

လူတွေကလည်း တအံတဩနဲ့
ဂျုံအိတ်မယူလိုက်ကြတဲ့ သူတွေကလည်း မချိတင်ကဲဖြစ် တောက်တစ်ခေါက်ခေါက်ဖြစ်ပြီး မင်းသားကြီးကို
ဘာကြောင့်အဲ့ဒီလိုလုပ်တာလဲမေးတော့

မင်းသားကြီးက တစ်ခွန်းပဲပြန်အဖြေမှာ လောဘကြီးသူတွေ မျက်နှာပျက်သွားကြရသတဲ့။

မင်းသားကြီး ဖြေလိုက်ပုံက.

တကယ်ကို လိုအပ်သူတွေရစေချင်တာပါတဲ့

ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်သလဲ…

crd_to_writer

Be the first to comment

Leave a Reply

Your email address will not be published.


*