နှာရည်ပုပ်ခြင်း ၊နှာခေါင်းပိတ်ခြင်းများအတွက်

နှာရည်ပုပ်ခြင်း ၊ နှာခေါင်းပိတ်ခြင်း၊ ရိုးရိုး အဆက်မပြတ်ချောင်းတဟွတ် ဟွတ် ဆိုးခြင်းများအတွက်လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းတိုလေးပါ ၊၊လိုအပ်လျှင် အသုံးပြုကြည့်နိုင်ပါရန်..။

နှာခေါင်းမှ နှာရည်အဆက်မပြတ် စီးကျပြီး မကြာခဏညှစ်ထုတ်ရခြင်း ၊နှာခေါင်း နီရဲ ရောင်ရမ်း၍ နှာခေါင်းအဝများ အထိမခံနိုင်လောက်အောင်နာကျင်စွာ ခံစားရခြင်း ၊ကြာရှည်၌ နှာရည်များ ပုပ်အက်အက် အနံ့ပင်ထွက်လာခြင်းအတွက် ဆေးနည်း မှာ….ကင်ပွန်းသီး ရင့်ရင့် အခြောက်တစ်တောင့်အား သန့်စင်အောင်ဆေး၊ ကျောက်ပျဉ်သန့်သန့်တွင် ဆန်ဆေးရည်နှင့် ခပ်ပျစ်ပျစ်သွေးပြီးထိုဆေးရည်ကို နှာခေါင်းတစ်ခုလုံးခပ်ထူထူ လိမ်းပေးပါ ၊၊နှာခေါင်းဝအတွင်းသို့ဖြေးညင်းစွာ ခပ်ပါးပါးလေး ထည့်သွင်းသုတ်လိမ်းပေးရင်း ဖြေးညင်းစွာ ရှူပေးရပါမည် ၊၊အားလုံး လိမ်းပြီးပါက ပက်လက်လှန်၍ ဆေးခြောက်သွားသည်အထိ ငြိမ်သက်စွာ နားရပါမည် ၊၊

နံနက်တစ်ကြိမ် ၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်၊ (၃ ) ရက် ခန့်လိမ်းပြီးပါက သိသာစွာ သက်သာလာမည်၊၊ရောဂါနုလျှင် တစ်ပတ်ခန့်ရောဂါကြီးမားပါကနှစ်ပတ်ခန့် ကြာတတ်ပါသည် ၊၊နှစ်ပတ်နှင့် မပျောက်ကင်းပါကလည်း ဇွဲမလျော့ပဲပုံမှန်လိမ်းပေးပါက သက်သာစွာ ပျောက်ကင်းစေပါသည်၊၊

နှစ်ရှည်လများ နှာခေါင်းပိတ်ခြင်း ၊နှာခေါင်းဖြင့်အသက်ရှူမရပဲ ပါးစပ်ဖြင့် အသက်ရှူရခြင်း အတွက်(ဆေးနည်း)မှာ….လင်ပန်း ( သို့) ဒယ်အိုးဖုံးပေါ်တွင် မီးအရှိန်နီရဲနေသော မီးခဲလက်သီးစုပ်ခန့် လေးငါးခဲတင်ပါ ၊၊ကင်ပွန်းသီး ရင့်ရင့် အခြောက် တစ်တောင့်အား ထိုမီးခဲပေါ်သို့တင်ပြီး မီးခိုးငွေ့အား ခံသာရုံ အနေဖြေးညင်းစွာ ရှူပါ ၊၊

အစ၌ ရှူရခက်သော်လည်း နှာဝအတွင်း အငွေ့ဝင်စေဖို့လိုပါမည်၊၊တစ်ကြိမ်ဆောင်ရွက်ရုံဖြင့် မထူးခြားနိုင်ပါ ၊၊မိမိ ရောဂါ အနုအရင့် ကိုလိုက်ပြီး နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် ဆောင်ရွက်ပါ၊၊( ၃)(၄ ) ရက်ခန့် အကြာတွင် နှာခေါင်းမှနှပ်များ အတောင့်လိုက် ထွက်ကျလာပါမည် ၊၊

ရိုးရိုး ချောင်းတဟွတ်ဟွတ် အဆက်မပြတ်ဆိုးပါက(ဆေးနည်း )မှာ မည်သည့်ပဲပင်ပေါက် အမျိုးအစားဖြစ်စေ ၅ကျပ်သားခန့်အား သန့်စင်အောင်ဆေးကြော ၊ မတ်ခွက်ထဲထည့် ၊ပွက်ပွက်ဆူထားသော ရေနွေးအဖြူအား ပဲပင်ပေါက်မြှုပ်ရုံလောင်းထည့်၊၊

(၃) မိနစ်ခန့်ထားပြီး ထိုအရည်ကို နည်းနည်းခြင်းကုန်စင်အောင် သောက်သုံးရမည်၊၊ တစ်နေ့ (၃ )ကြိမ်နှုန်း၊ ( ၃) ရက်ခန့်အကြာ၌ လုံးဝပျောက်ကင်းဧ၊၊် ၊၊ Source.ဗဟုသုတရွာ

Be the first to comment

Leave a Reply

Your email address will not be published.


*