အမဲစက်၊ မှဲ့ခြောက် သက်သာပျောက်ကင်းတဲ့ ကိုယ်တွေ့ အာလူးသီး…
အမဲစက် မှဲ့ခြောက် နေလောင်ကွက် သက်သာပျောက်ကင်းတဲ့နည်းလေး လက်တွေ့စမ်းသပ်ကာလ ၂ပတ်အတွင်း အတော်သက်သာလို့ မျှဝေပေးလိုက်ပါတယ်နော် …။
အားလူးကို သနပ်ခါး သွေးသလို သွေးပြီး မျက်နှာသစ်ပြီး လိမ်းပေးပါ …။
တစောင်းလက်ပတ်ရှိကထည့်သွေးပါ။ မရှိလဲ အာလူးနဲ့ရေနဲ့သွေးလိမ်းပါ။ခြောက်မှ မျက်နှာထပ်သစ်ပြီ cream တစ်ခုခုလိမ်းပေးပါ …။
လက်တွေ့စမ်းသပ်ပြီးမှ ဒီပို့စ်ကို တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ အလွယ်ကူဆုံး နည်းလေးပါ …။
အမဲစက်များ တဖြည်းဖြည်း ပါလာပြီး ပန်းရောင်အနေထားသို့ရောက်ရှိလာပါလိမ့်မည်။ ဆက်လိမ်းပေးပါ …။
သွေးပြီးရင်ကျောက်ပြင်ပေါ် ပုံအပါအတိုင်းမှောက်ထားပါ။ မဲမသွားရန်။ ကျောက်ပြင်သီးသန့်မထားနိုင်ပါက ကြွေပန်းပြားလေးထဲ မှောက်ထားပေးပါ …။
တညလုံးလိမ်းမအိပ်ပါနှင့် တင်းလွန်းလျှင် မျက်နှာအသားနုသည့်အတွက် အသားကွဲနိုင်ပါတယ်။ လိမ်းပြီးခြောက်သွားလျှင် မျက်နှာသစ်ပေးပါ…။
မိတ်ကပ်လဲပါးပါးလေးလိမ်းပေးရုံနှင့်မျက်နှာလေးကြည်လင်လှပလာစေပါတယ် …။
စိတ်လှ လူလှ မျက်နှာလေးလဲလှကြပါစေ …။ ။
Leave a Reply