ငါးထောင်တန်ကို မီးရှို့ပြတဲ့ လင်မယား ၂ ယောက်ကို ဖမ်းဆီးရခြင်းရဲ့ နောက်ကွယ်

ငါးထောင်တန်ကို မီးရှို့ပြတဲ့ လင်မယား ၂ ယောက်ကို ဖမ်းဆီးရခြင်းရဲ့ နောက်ကွယ်

၅၀၀၀ တန် ငွေစက္ကူကို အွန်လိုင်းမှာ မီးရှို့ပြလို့ လင်မယားနှစ်ယောက်တော့ အချုပ်ထဲ ရောက်သွားပြီ။ သူတို့မသိတာက အဲဒီ စက္ကူပိုက်ဆံတွေဟာ သူတို့အပိုင်မဟုတ်ဘူးဆိုတာပါပဲ။

ခင်ဗျားပိုက်ဆံအိတ်ထဲက ငွေစက္ကူတွေဟာ ခင်ဗျားမပိုင်ပါဘူး ဗဟိုဘဏ်ကနေ ခင်ဗျားကို ခဏထုတ်ပေးထားတာပါ။ ခင်ဗျားပိုင်တာက အဲဒီငွေစက္ကူတွေက ဖော်ပြသတ်မှတ်ပေးထားတဲ့ ဖလှယ်နိုင်တဲ့ တန်ဖိုးကိုပဲ ပိုင်တာဖြစ်တယ်။

နိုင်ငံတော်ရဲ့ငွေကြေးစနစ်ကြီးထဲမှာ နိုင်ငံသားတွေက ပါဝင်ဆင်နွဲနေကြတယ်။ ကုန်ပစ္စည်းတွေ လုပ်အားတွေ အချင်းချင်း ဖလှယ်ကြဖို့ “ကြားခံကိရိယာ” အဖြစ် ငွေကြေးကို နိုင်ငံတော်ကနေ စိုက်ထုတ်ရိုက်နှိပ် တန်ဖိုးသတ်မှတ်ပေးထားပါတယ်။ အဲဒီငွေစက္ကူတွေအားလုံးဟာ နိုင်ငံတော်အပိုင်ပါ။

ကာစီနိုလောင်းကစားရုံတစ်ခုသဘောနဲ့ တွေးကြည့်ပါ။ ကစားလို့ရတဲ့ ကူပွန်တွေကို ကာစီနိုရုံပိုင်ရှင်က ထုတ်လုပ်ထားတယ်။ ဒီ ကူပွန်တွေကို ခင်ဗျားအသုံးပြုနေပေမဲ့ ခင်ဗျားမပိုင်သလို ပဲ ခင်ဗျားမီးခံသေတ္တာထဲက ငွေစက္ကူတွေ ကို ခင်ဗျားမပိုင်ဘူး။ သူတို့ကဖော်ညွှန်းတဲ့ ဖလှယ်နိုင်စွမ်းတန်ဖိုးကိုပဲ ခင်ဗျားပိုင်တာ။ ဒီ ၂ ခု မတူတာကို မြင်ရင် သဘောပေါက်မှာပါ။

ဒီလင်မယား ကံကောင်းသွားတာက မြန်မာပြည်မှာမို့ ထောင် ၂ နှစ်ပဲကျနိုင်တာ။ အမေရိကန် မှာဆိုရင် ၁ ဒေါ်လာတန်ကို မီးရှို့ဖျက်ဆီးပြရင်တောင် ထောင် ၁၀ နှစ်လောက်ချလို့ရတယ်။ နိုင်ငံတော်က ဘာလို့ ဆတ်ဆတ်ထိမခံ ဖြစ်သလဲဆိုတော့ သမိုင်းကြောင်းရှိပါတယ်။

ဟိုအရင် က ငွေစက္ကူရယ်လို့ မရှိခင်က ဒင်္ဂါးတွေနဲ့ ဖလှယ်ကြရတာ။ တချို့လူဆိုးတွေက ငွေဒင်္ဂါးတွေ ကို ဖဲ့ကြတယ် အစအနတွေကို ပြန်စုပြီး တစ်ခါထပ်သုံးကြပြန်တော့ အစိုးရမှာ ပြဿနာတက်ခဲ့တယ်။ ဒါကြောင့် ငွေကြေးကို မဖျက်ဆီးရ ဥပဒေကို ပြဌာန်းခဲ့ရတယ်။

နောက်တစ်ချက်က ငွေစက္ကူတစ်ရွက်တိုင်းမှာ ထုတ်လုပ်မှုစရိတ်ရှိပါတယ်။ ဥပမာ ၁ ဒေါ်လာတန် ငွေစက္ကူတစ်ရွက်ဟာ ၅ ဆင့်ခွဲလောက် ကျပြီးတော့ ဒေါ်လာ၁၀၀ တန်ဟာ ၁၄ ဆင့်လောက် တန်ပါတယ်။

ဒါတွေကို မီးရှို့ဖျက်ဆီးတာဟာ တိုင်းပြည်ပိုင်ပစ္စည်းကို ဖျက်ဆီးနေတာပါပဲ။ လည်ပတ်နေတဲ့ ငွေကြေးတွေ ဆုံးရှုံးသွားရင် ဗဟိုဘဏ်က ပြန်ရိုက်ရတဲ့ အခါမှာ ငွေကုန်ကြေးကျတွေ ဖြစ်လာစေပါတယ်။

အခုနက လင်မယားဟာ အိမ်ထဲမှာ ၅၀၀၀ မပြောနဲ့ ငါးသိန်းမီးရှိုလိုက်ရင်တောင် လူသူမသိတာမို့ ဘာမှ ဖြစ်မှာမဟုတ်ဘူး ဒါပေမဲ့ ဆိုရှယ်မီဒီယာမှာ ရှို့ပြခြင်းဟာ “အတုမြင်အတတ်သင်” ဖြစ်စေတယ်။ လူတွေလိုက်လုပ်ကြရင် ဆုံးရှုံးမှုကိုခံစားရမှာ က နိုင်ငံတော်ဖြစ်တယ်။ ဒါကြောင့် ဒီလိုမျိုး အရေးယူရပါတယ်။

နိုင်ငံတော်တစ်ခုမှာနေနေရတယ်ဆိုတာ မွေးမြူရေးခြံမှာ နေနေရသလိုပါပဲ။ ခင်ဗျား က အစားအစာတွေကို စားနိုင်တယ် အစာထည့်တဲ့ ခွက်တွေက တော့ ခြံရှင်ပိုင်တဲ့ ပစ္စည်းတွေ ဆိုတာ အားလုံး မမေ့ကြဖို့လိုပါတယ်။

Credit to Lynn Htet Swe

Be the first to comment

Leave a Reply

Your email address will not be published.


*