ICU ထဲရောက်သွားရင် ကိုဗစ်လူနာတွေ မရှုနိုင် မကယ်နိုင်ဖြစ်ပြီး ဘယ်လို ဆုံးပါးသွားကြသလဲ (ဆေးဘက် ဝန်ထမ်း မဟုတ်သူများအတွက် ဗဟုသုတပါ)

ICU ထဲရောက်သွားရင် ကိုဗစ်လူနာတွေ မရှုနိုင် မကယ်နိုင်ဖြစ်ပြီး ဘယ်လို ဆုံးပါးသွားကြသလဲ (ဆေးဘက် ဝန်ထမ်း မဟုတ်သူများအတွက် ဗဟုသုတပါ)

ဒီလို အဆုတ်တခုလုံး လေအိတ်မရှိတော့တဲ့ လူနာတွေကို ဘယ်လိုမှ မကယ်နိုင်တာ နားလည်ပေးကြပါ၊ တကယ်တော့ မြင်သာအောင် ပြရတာပါ၊ ကိုးဗစ်ကြောင့် အဆုတ် တခုတည်းမဟုတ် နှလုံးခုန်နှုန်း ကမောက်ကမ ဖြစ်၊ ဆီးချိုတွေ ထိန်းမရ အောင်တက်၊ ကျောက်ကပ် ပျက်ဆီး (၁၅%)၊ အဆိုးဆုံးကတော့ ကိုယ်တွင်း သွေးကြောသေးများထဲ သွေးခဲ ပိတ်တာ ထိုမှ သွေးမတိတ်တော့ပဲ ဒွာရ ကိုးပေါက်က သွေးတွေယိုစိမ့် လာတဲ့ (DIC) ဆိုတာပါပဲ၊ သေဆုံးသူ ၇၀% လောက် မှာ ဖြစ်တတ်ပါတယ်။

လူနာ ရဲ့ အဆိုးဆုံး အခြေ အနေကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားပြီး ရောဂါ ပြန်ကျချိန် အထိ ရင်တမမ စောင့်ရပါတယ်။ ၁၀ ယောက် ၄ ယောက် ပြန်ဆင်းနိုင်ဖို့ ICU မှာ Doctor , Nurse, Volunteer နဲ့ ဆေးရုံ စီမံမှု ဆရာတွေ ၊ အသက်ကယ် ထောက်ပံ့ ရေး ဆေးဝါး ပစ္စည်းတွေ လူတယောက်စာတင် တနေ့ သိန်းချီ သုံးနေရပါတယ်။

ပိုးသတ်ဆေးဖိုးတင် ၅၀၀၀၀, အဟာရဖိုးက ၃၀၀၀၀၊ အခြား သွေးကျဲဆေး က ၁၃၀၀၀၊ ဆီးချိုဖောက်တာ တနေ့ ၃ ၄ ခါ၊ သွေးတခါ စစ် ၂ မှ ၃ သိန်းဖိုး ၊ အခြား အထူးလိုအပ်တာ တွေပါ ဆို ထပ်ပေါင်းရင် တယောက် စာ ၂ သိန်း ဖိုး အထက်ရှိပါတယ်၊ ဆရာဝန် ဆရာမဖိုးက အခမဲ့.. (စားမကောင်းတဲ့ Lunch box နဲ့ သေအောင် လုပ်ပေးနေကြဆဲပါ)

သို့သော် သူတို့အတွက် တယောက်တစုံ PPE. ဖိုး ၄၀၀၀၀. တခါဝင် ၄ ယောက် အနည်းဆုံး ၃ ကြိမ်။ ပြန်ထွက်လာတိုင်း ညည နေ့နေ့ ခေါင်းလျော် ရေချိုး ရပါတယ်.. အဲ့ အခန်းတွေလည်း ပျက်ဆီး လာပါပြီ လူနာဆောင် ၄ ခု အတွက် ဧရာမ အောက်စီဂျင် အိုးကြီးက တရက် ၁၀ သိန်းဖိုးဖြည့် ရပါတယ်၊ မီးဖိုး ရေဖိုး စက်ပစ္စည်းဖိုး ထည့် မပြောတော့ပါဘူး၊ အဲ့လောက် လိုက်ဆယ်တာတောင် အမော မပြေရတာ များပါတယ်။

ဒီ လောက်များတဲ့ ငွေတွေ နဲ့ ကလေးတွေ အတွက် ပညာရေး ကျန်းမာရေး လမ်းတံတား လျှပ်စစ် ဆက်သွယ်ရေးသာ ပြောင်းသုံး နိုင်ရင် မီးသဂ်ြုလ် စက်ထဲ ဝင်မယ့် တိုင်းပြည်ဘဏ္ဏာတွေ အတော် သက်သာမယ် ထင်လာမိပါတယ်။

လူတွေ ထင်သလို ဟိုဆေးသွင်း ဒီသွေးရည်သွင်း ဆိုတာတွေကလည်း လူအားလုံး အတွက် အသုံးမတည့် သလို လူနာ အားလုံးစာ ပေးစရာလည်း တိုင်းပြည်က မတတ်နိုင်ပါဘူး။ သုတေသန တွေကလည်း အလုံးစုံကောင်းတယ် မပြောနိုင် အနည်းငယ် ပိုသာတယ်ဆိုတဲ့ တွေ့ရှိချက်လောက်နဲ့ စမ်းတဝါးဝါး အဆင့်မှာ တိုင်ပတ်နေဆဲပါ။ (ကျတော်တို့ လက်ခံရတဲ့ လူနာအများစု ကတော့ ထိုဆေးများအစွမ်းရချိန်အတွက် ထိုးရန် လွန်မှ လာကြသူ များ ဖြစ်ကြပါတယ်)

(တရက်တရက် အဲ့ဒီ ကိစ္စ ဖုန်း နဲ့ရှင်းနေရတာလည်း စိတ်ပျက်လာကြပါပြီ၊ ယူအက်က သမတ ထရန့်ပြုတ်မှ ပဲ သက်သာတော့တယ်) ကိုဗစ် နဲ့ ကိုယ်ခံအားစနစ် ပြိုကွဲ မှုကြောင့် ပျက်ဆီး သွားတာကို ကုစရာ ဆေးဝါး မရှိသေးပါဘူး။ ဒီကြားထဲမှာမှ တချိန်လုံး ရက်ရှည် တပ်ထားရလို့ ကယောင်ကယင်ဖြစ်ပြီး အောက်စီဂျင် အသက်ရှုစက် ဆွဲဖြုတ် ပြန်မတပ်နိုင်တော့ပဲ ခုနက အိမ်နဲ့ စကားပြော ခုချက်ချင်း ဆုံးရတဲ့ လူနာတွေလည်း မနည်းတော့ပါဘူး။

ဖြစ်နိုင်ရင် ဘယ်လို ရုန်းကန်နေရသလဲ အစိုးရ ရုပ်သံက ခဏ ခဏ ပြ စေချင်ပါတယ်။ စည်းကမ်းလည်း မထိန်း သိအောင်လည်း ပိုးစိုးပက်စက် သတင်းတွေ အသိမပေး လာသမျှ အလကား ထိုင်ကုပေး နေကြတာ ဘာကို တုံ့ ဆိုင်းနေသလဲ နားမလည်တော့ဘူး။

..(crd)..
..ply..

Be the first to comment

Leave a Reply

Your email address will not be published.


*