ကိုဗစ်က ဘယ်အရွယ်ဖြစ်ဖြစ် ဘာရောဂါအခံမှ မရှိလဲ သေတတ်တယ်ဆိုတဲ့ ဖြစ်ရပ်
အနေအထားက သိပ်တော့ မချောဘူး ရောဂါက နည်းနည်း မြန်လာတယ်..
ဒီနေ့ ရန်ကုန်က မြို့နယ် တစ်ခုက Q စင်တာမှာ Q ဝင်နေတဲ့ Primary Contact တစ်ယောက် ဆုံးတယ်။ Sudden onset ပဲ။ မဆုံးခင် ညနေ အထိ အေးဆေး စကားပြောဆိုနေတုန်း နည်းနည်း ထပ်ရှင်း ရရင် ပုံမှန်အားဖြင့် Q စင်တာ မှာ လူနာသေလေ့ မရှိဘူး။
Q စင်တာ ဆိုတာ ကိုဗစ် Positive ဖြစ်နိုင်တဲ့ သူတွေကို ထပ်မပြန့်ပွားအောင် ခနထိန်းထားတဲ့နေရာ ရောဂါ ဆိုးနေသူတွေ ကို မထားဘူး။ ရောဂါဆိုး သူကလည်း ဆေးရုံ ကိုပဲ သွားတာ Fever Clinic ကလည်း ရောဂါ အခြေအနေ မကောင်းရင် ဆေးရုံပဲ တန်းလွှဲတာ။
ပ
Q စင်တာမှာ ထားတာ Positive ဖြစ်နိုင်တဲ့ လူကောင်းတွေ များတယ်။ အနံ့ ပျောက်တာ လောက်ပဲ ထားတာ။ လူနာက Primary contact အနံ့ပျောက်တာ တစ်ခုပဲ ရှိတယ်။ Swab အဖြေ (+) ထွက်လို့ (+) ကုမယ့် Centre ရွှေ့ဖို့ Plan လုပ်ရင်း ဆုံးတယ်။
တစ်နေကုန် အကောင်း ချက်ခြင်းရွှေ့ မရဘူးလားဆိုတော့ ဟုတ်တယ် မရဘူး။ ရက်ကူးအောင်စောင့်ရတယ် လူပြည့်နေလို့၊ အဲ့တော့ အနံ့ ပျောက်တာနဲ့ သေသွားနိုင်လိမ့်မယ်လို့..
ခများကော ခများမိသားစုကော ဘယ်သူက ထင်မှာလဲ ကာကွယ်ဆေးက ဧပြီလ လောက် မှ ရမယ်။ Mask မေးမချိတ်နဲ့၊ Mask သေချာတပ်၊ လက်ဆေး ခပ်ခွာခွာနေ..
Leave a Reply