ဒေါက်ဇော်ကတော့ ပြောတဲ့အတိုင်း တကယ်ဆော်ပြီနော်၊ ကောင်းစေချင်လို့ဆိုတာ သဘောပေါက်ပါ

ဒေါက်ဇော်ကတော့ ပြောတဲ့အတိုင်း တကယ်ဆော်ပြီနော်၊ ကောင်းစေချင်လို့ဆိုတာ သဘောပေါက်ပါ

မန္တလေးတစ်ခရိုင်လုံး Stay at Home တစ်အိမ်တစ်ယောက်သာ စျေးဝယ်ထွက်ရန် ကဒ်ပြားနှင့်တကွ ထွက်ပါ (ယာဥ်မောင်းပါခွင့်ရှိ) ဆေးရုံ / ဆေးခန်း သွားလိုလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခွင့်ပန်ပါ.. မဖြစ်မနေ ဖွင့်လှစ်ရမည့် အစိုးရရုံးဝန်ထမ်း၊ ဘဏ်ဝန်ထမ်းများ ဝန်ထမ်းကဒ် ပြနိုင်ရမည်..

မိမိမြို့နယ်အတွင်းရှိ စျေးတွင်သာ ဝယ်ယူရန်.. မြို့နယ်အားလုံး ညီရန် လိုပါသည်.. Mobile team (၄) ဖွဲ့ ဖွဲ့၍ ပတ်ကားဖြင့် ပတ်နေပါမည် ။ (ချမ်းစံ စီစဥ်ထားမှု့).. လမ်းပေါ်တွင် တွေ့သမျှ မည်သူမဆို ရှောင်တခင်မေးမြန်းစစ်ဆေး၍…

၁။ အဘယ့်ကြောင့် လမ်းပေါ်တွင် ရှိနေသနည်း ?

၂။ ဝန်ထမ်းဖြစ်ပါက အလုပ်ချိန်အတွင်း မိမိရုံးတွင် မရှိဘဲ အဘယ်ကြောင့် လမ်းပေါ်တွင် ရောက်နေပါသနည်း..? ဝန်ထမ်းကဒ်ပြခိုင်းမည် ။ အကြောင်းပြချက်ပေးခိုင်းမည် – (ဥပမာပြောခြင်း) အကြောင်းပြချက် ခိုင်လုံသော်လည်း Mask မတပ်ပါက ဒဏ်ငွေ ရိုက်ပါမည်.. ငွေမပါက Q center များသို့ ခေါ်ဆောင်ပြီး သန့်ရှင်းရေး လုပ်ခိုင်းမည် (Social Punishment) ရပ်ကွက်တိုင်းတွင် ကိုဗစ် ကာကွယ်ထိမ်းချုပ်ရေး ဒေသန္တရ အမိန့်များကိုသာမက ရပ်ကွက်အလိုက် ဖြစ်ပွားမှု့ အခြေအနေကို အသိပေးကြေငြာမည်..

ဘာ့ကြောင့် ဒီလောက်ထိ လုပ်လာရသလဲဆိုလျင်.. အရာရာကိုလွယ်လွယ်တွေး၍ လွယ်လွယ်လုပ်တတ်သော အကျင့်ရှိသူတို့ကြောင့် မသေသင့်ဘဲ သေရသူ၊ ပိုးကူးစက်ခံရသူတို့ ရှိလာပြီး အခြားသော တာဝန်ရှိသူများ ကိုယ်ရောစိတ်ပါ ပင်ပန်းလာကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကိုဗစ််-၁၉ ကူးစက်ပြန့်ပွားမှု့ကို ထိမ်းချုပ်ရန်မှာ ပြည်သူတရပ်လုံး တာဝန်ဖြစ်၍ ယခုအချိန်မှ စတင်ပြီး စည်းမျဥ်းစည်းကမ်းများကို လိုက်နာ ကြပါရန် အလေးအနက် တိုက်တွန်းပါသည်..

Be the first to comment

Leave a Reply

Your email address will not be published.


*