သိပ္ပါလယပရိယတ္တိစာသင်ကျောင်းတိုက်မှ သံဃာတော် (၁၆) ပါးနဲ့ လူ (၅) ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ
တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ ဟင်္သာလမ်းအတွင်းက သိပ္ပါလယပရိယတ္တိ စာသင်ကျောင်းတိုက်မှ သံဃာ (၁၆) ပါးနဲ့ လူ (၅) ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကပြောပါတယ်။
Covid-19 positive တွေ့ရှိခဲ့တဲ့ သံဃာတော်များနဲ့ လူများကို သက်ဆိုင်ရာ Center များကို ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သူက ပြောပါတယ်။
ဒီဇင်ဘာ (၂) ရက် ဓာတ်ခွဲစစ်ဆေးမှုများအရ ရန်ကုန်တိုင်းဒေသကြီးမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာသစ် (၈၉၃) ဦး အနက် တောင်ဥက္ကလာပမြို့နယ်က ပိုးတွေ့လူနာသစ် (၂၈) ဦး ပါ၀င်နေပါတယ်။
မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၉၅,၀၁၈) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၇၃,၇၄၈) ဦး နဲ့ သေဆုံးသူ (၂,၀၂၈) ဦးအထိ ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ (၃) ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo- ဒေါက်တာစောနိုင်(facebook)
Leave a Reply