နေကြာခင်းတွေ၊စိုက်ခင်းတွေအပြည့်နဲ့ အပန်းဖြေစခန်းဖွင့်လှစ်ထားပြီးအင်းလေးမှာရှိတဲ့သူမတို့မိသားစုခြံကြီးကို Live လွှင့်ကာပြသခဲ့တဲ့ချမ်းမီမီကို

နေကြာခင်းတွေ၊စိုက်ခင်းတွေအပြည့်နဲ့ အပန်းဖြေစခန်းဖွင့်လှစ်ထားပြီးအင်းလေးမှာရှိတဲ့သူမတို့မိသားစုခြံကြီးကို Live လွှင့်ကာပြသခဲ့တဲ့ချမ်းမီမီကို

မင်းသမီးချောလေး ချမ်းမီမီကိုကတော့ တစ်ချိန်က အလှမယ်တစ်ဦးအဖြစ် သရဖူဆောင်းခဲ့တဲ့ ပရိသတ်အချစ်တော်လေးဆိုရင်လည်း မမှားပါဘူးနော် ။ ချစ်စရာကောင်းတဲ့အမူအရာလေးတွေ၊

သွက်လက်ပွင့်လင်းတဲ့စကားပြောဟန်လေးတွေကြောင့် ချမ်းမီမီကိုက လူချစ်လူခင်ပေါများခဲ့တာ ဖြစ်ပါတယ် ။ ချမ်းမီမီကိုက ကလေးတစ်ယောက်မေမေဖြစ်ပေမယ့်လည်း အခုချိန်အထိ အရွယ်တင်လှပနေတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ချမ်းမီမီကိုက တောင်ကြီး၊အင်းလေးဒေသကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ် ။ ဒီနေ့မနက်မှာလည်း ချမ်းမီမီကိုက Live လွှင့်ပြီး ခေါင်တိုင်အင်းလေးမှာရှိတဲ့ သူမတို့ရဲ့မိသားစုခြံကြီးကို ပရိသတ်တွေကြည့်ရှုလို့ရအောင် လိုက်လံပြသခဲ့တာ ဖြစ်ပါတယ် ။

အပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ချမ်းမီမီကိုတို့ရဲ့ခြံကြီးကတော့ နေကြာခင်းတွေ၊စိုက်ခင်းတွေ၊အပင်တွေနဲ့ စိမ်းလန်းစိုပြေပြီး နေချင်စရာကောင်းလွန်းနေတာ ဖြစ်ပါတယ် ။

ချမ်းမီမီကိုက “ချစ်ဆုံးလေးတွေ မိသားစုလေးတွေ ကိုဗစ်ပြီးရင် ဝင်လည်ပါရှင့် မဖွင့်သေးပါဘူး ပြင်ဆင်နေဆဲကာလလေး အားလုံးဝင်လည်လို့ရပါတယ်ရှင့် ချစ်ဆုံးတို့ မိသားစုခြံလေးခေါင်တိုင်လမ်းခွဲ အင်းလေးကန်အနီး09423706195” ဆိုပြီး သူမတို့ခြံရဲ့ပုံရိပ်လေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*