ရော်နယ်ဒို မက်ဆီအပါဝင် အာဆင်ဝင်းဂါး လက်လွှတ်ခဲ့တဲ့ အပြောင်းအရွှေ့ (၅) ခု

အာဆင်ဝင်းဂါး ရဲ့ ဘဝမှာ ကစားသမားများစွာ ကို မြေတောင်မြှောက်ပေးခဲ့ဖူးသလို လက်လွှတ်ခဲ့ရတဲ့ ကစားသမားများစွာလည်းရှိခဲ့ပါတယ်။နည်းပြသက်တမ် နှစ် (၂၀) ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ နည်းပြတစ်ယောက်မှာ ကစားသမားကောင်းတွေ လက်လွှတ်ဖူးတာ က မဆန်းပေမယ့် အာဆင်ဝင်းဂါး လက်လွှတ်ခဲ့တဲ့ ကစားသမားတွေကတော့ ယနေ့အာဆင်နယ် အသင်းကို ပြောင်းပြန်လှန်နိုင်တဲ့အနေထားထိရှိခဲ့ကြသူတွေဖြစ်ပါတယ်။

(၅)ဘူဖွန်

ယူဗင်းတပ်စ် နဲ့ အီတလီ ဂန္နဝင်ဂိုးသမားကြီး ဘူဖွန်ကို တူရင်မြေထံ မပြောင်းရွှေ့ခင်မှာ အာဆင်ဝင်းဂါးကခေါ်ယူဖို့ အခွင့်အရေးရခဲ့ပါသေးတယ်။အာဆင်နယ် အသင်းက ကနဦးကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒေးဗစ်ဆီးမင်း နေရာအစားထိုးဖို့အတွက် ဘူဖွန်ကို ဝင်းဂါးက အလိုရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အာဆင်နယ်အသင်းက လေမန်း၊ဖေဘီယန်စကီး၊မူနီယာ၊ရှက်ဇနီ၊အော့စပီနာ အစရှိတဲ့ ဂိုးသမားတွေ ရောက်ရှိလာတဲ့ လူငယ်ဂိုးသမား ဘူဖွန် ကို ခေါ်ယူဖို့လက်လျှော့ခဲ့တာဖြစ်ပါတယ်။

(၄) ဒရော့ဘာ

ဒီဒီယာဒရော့ဘာ နဲ့ ပက်သက်ရင် အာဆင်နယ်မှာ ဆိုးရွားတဲ့မှတ်တမ်းရှိနေပြီး တစ်ချိန်ကတော့ ဒရော့ဘာကို အာဆင်နယ်က ခေါ်ယူဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒရော့ဘာက အာဆင်နယ် အသင်းကို (၁၅) ကြိမ်တွေ့ဆုံရာမှာ (၁၃)ဂိုးသွင်းခဲ့ဖူးသလို မေဂျာလိဂ်မှာကစားနေစဉ် အာဆင်နယ်နဲ့ ခြေစမ်းပွဲကစားတာတောင် ဂိုးသွင်းခဲ့ပါသေးတယ်။အာဆင်နယ်အတွက် ဒီလို အိမ်မက်ဆိုးတိုက်စစ်မှုးကို ပြင်သစ်အောက်တန်းလိဂ်မှာ ကစားနေစဉ်က ဝင်းဂါးတစ်ယောက်ကင်းထောက်ခဲ့ဖူးပေမယ့် လက်လွှတ်ခဲ့ရကြောင်းကိူ သူ့ရဲ့စာအုပ်မှာ ဝန်ခံခဲ့ပါတယ်။

(၃) ယာယာတိုရေ

ပက်ထရစ်ဗီအဲရာ ကိုမဆုံးရှုံးခင်မှာတင် အာဆင်ဝင်းဂါးက ဒုတိယဗီအဲရာ လို နာမည်ကြီးနေတဲ့ ယာယာတိုရေး ကို ခေါ်ယူဖို့စီစဉ်ခဲ့ဖူးပါတယ်။အသက်(၂၀) အရွယ် ယာယာတိုရေး က အာဆင်နယ် အသင်းမှာ လေ့ကျင့်ခန်းလာဆင်းဖူးပြီး ရာသီကြိုလေ့ကျင့်ရေးခြေစမ်းပွဲမှာတောင် ဝင်ကစားခဲ့ဖူးပါသေးတယ်။အာဆင်ဝင်းဂါးက ကစားသမားနဲ့သဘောတူညီမှု့ရခဲ့ပြီလို ထင်ခဲ့ပေမယ့် အေးဂျင့်ကြောင့် အပြောငအရွှေ့ပျက်ပြယ်သွားခဲ့တာလည်းဖြစ်ပါတယ်။

(၂) ရော်နယ်ဒို

‌စပိူ့တင်းမှာ ရှိနေချိန် ရော်နယ်ဒို က အာဆင်နယ် အသင်းထံ ကမ်းလှမ်းခဲ့ဖူးသလို အာဆင်းဝင်းဂါး ထံမှာ လေ့ကျင့်ခန်း တောင်လာရောက်ဆင်းခဲ့ဖူးပါသေးတယ်။ရော်နယ်ဒို က အသက် (၁၆) မှာ အာဆင်နယ် အသင်းကိုရောက်ဖို့နီးစပ်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းကို (၆) သန်းသာ ပေးချေလိုတာကြောင့် ပျက်ပျယ်ခဲ့တာဖြစ်ပါတယ်။

(၁) လီယွန်နယ်မက်ဆိ

အာဆင်ဝင်းဂါးအတွက်ကြီးမားတဲ့ ဆူံးရှူံးမှု့လိုဆိုရနိုင်ပြီး ၂၀၀၃ မှာ ဖာဘရီဂတ်စ် ကို လာမာစီယာ ကနေခေါ်ယူစဉ်က မက်ဆီကို ပါပူးတွဲခေါ်ယူဖို့အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်းက မက်‌ဆီ ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အာဂျင်တီးနား လူငယ်တိုက်စစ်မှုး က လန်ဒန်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခွင့်ပေမယ့် အလုပ်လုပ်ခွင့်ပြသနာကြောင့် ခေါ်ယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။