အဲဗာတန်ကိုရှုံးပွဲကြုံတွေ့အောင်မလုပ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ

စနေနေ့ရဲ့အစောဆုံးပွဲစဉ်အဖြစ် အဲဗာတန်နဲ့ လီဗာပူးလ် အသင်းတို့ရဲ့မာဆေးဆိုဒ်ဒါဘီ ကစားခဲ့ကြပါတယ်။အဲဗာတန် အသင်းကတော့ ပရီးမီးယားလိဂ်(၄)ပွဲကစားအပြီးမှာ (၄)ပွဲလုံးအနိုင်ရထားပြီး လီဗာပူးလ် ကတော့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဗီလာ အသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ အဲဗာတန် အသင်းကတော့ ဒီပွဲမှာ လူစာရင်းအပြောင်းအလဲမပြုလုပ်ထားခဲ့ပဲ၊ လီဗာပူးလ် အသင်းကတော့ ဗီလာ ကို အရေးနိမ့်တဲ့ ပွဲမှာ မပါခဲ့တဲ့ မာနေး၊သီယာဂိုနဲ့ မာတစ်ပ် တို့ ပါဝင်လာခဲ့ပါတယ်။ဒီပွဲမှာတော့ တစ်ဖက်(၂)ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ဒါဘီပွဲစဉ်ဖြစ်တာနဲ့ အညီ ပွဲစထဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ပွဲအစ(၃)မိနစ်မှာတော့ လီဗာပူးလ် အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ရော်ဘတ်ဆန် ရဲ့ဖန်တီးပေးမှုကနေ မာနေး က သွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ကလည်း အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့်ရဲ့ဖျက်ထုတ်ပုံကြမ်းတမ်းတာကြောင့် အစောကြီးထဲက လူစားလဲခံရပါတယ်။ပွဲန်(၁၉)မိနစ်မှာတော့ အဲဗာတန် အသင်း ချေပဂိုးရရှိခဲ့ပါတယ်။ဂျိမ်းစ်ရိုဒရီဂွက်စ်ရဲ့ထောင့်ကန်ဘောကနေ နောက်ခံလူ မိုက်ကယ်ကိန်းက ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ (၂)သင်းလုံးဟာ ဂိုးရဖို့ကြိုးစားခဲ့ကြပြီး လီဗာပူးလ် အသင်းက ကန်သွင်းခွင့်ပိုရခဲ့ပေမယ့် ဂိုးဝင်အောင် မစွမ်းဆောင်နိုင်တာကြောင့် တစ်ဖက်တစ်ဂိုးစီသရေနဲ့ ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ် အသင်းက တိုက်စစ်ဆင်ကစားပြီး အဲဗာတန် အသင်းက တန်ပြန်တိုက်စစ်ဆင်ကာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန်မိနစ်(၆၀)အထိ ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ ပွဲချိန်(၇၁)မိနစ်မှာတော့ လီဗာပူးလ် အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ဒီဂိုးကို ဆာလတ် က အဲဗာတန် အသင်းနောက်တန်း အမှားကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲချိန်(၇၆)မိနစ်မှာ လီဗာပူးလ် အသင်းအပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပြီး မာတစ်ပ် ရဲ့ခေါင်းတိုက်မှုကို အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့် ကာကွယ်နိုင်ခဲ့ပါတယ်။ပွဲချိန်(၈၁)မိနစ်မှာ အဲဗာတန် အသင်း ချေပဂိုးရခဲ့ပြီး ကလာဗတ်လီဝန် က ခေါင်းတိုက်ပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၈၈)မိနစ်မှာတော့ သီယာဂို ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ဒိုင်လူကြီးက ရစ်ချာလီဆင် ကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ပွဲချိန်(၉၂)မိနစ်မှာတော့ လီဗာပူးလ် အသင်း အတွက် ဟန်ဒါဆန် က ဂ််ိုးသွင်းယူခဲ့ပေမယ့် လူကျွံခဲ့တာကြောင့် လီဗာပူးလ် အသင်းနစ်နာသွားခဲ့ရပါတယ်။