ရော်နယ်ဒိုက ကမ္ဘာ့အဆင့်တစ်ဆယ်အတွင်းက အသင်းတွေကို ဂိုးအများဆုံးသွင်းယူထား

ခရစ်တီယာနိုရော်နယ်ဒို က နိုင်ငံတကာသွင်းဂိုး (၁၀၁) ဂိုးရှိနေပြီဖြစ်လို့ လက်ရှိ နိုင်ငံအသင်းအတွက် ပက်သက်ရင် ချွင်းချက်မရှိ အကောင်းဆုံး ကစားသမားလို့တိုရင်လည်းရပါတယ်။ နိုင်ငံအသင်းတစ်သင်းမှာ ဂိုး ရာကျော် ရဖို့ဆိုတာက ကလပ် (၁၀) ရာသီကစားရတာထက်ပိုခက်ခဲသလို လက်တစ်စုပ်စာလူတွေကသာ လုပ်နိုင်ခဲ့တဲ့ မှတ်တမ်းမျိုးလည်းဖြစ်ပါတယ်။
အထူးသဖြင့်ရော်နယ်ဒို က ပေါ်တူဂီ လို အရငအမြစ် ကြွယ်ဝခဲ့ခြင်း မရှိတဲ့အသင်းမျိုးကနေ ထိုးထွက်လာပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်လို့ အချို့သော အရင်းအမြစ်ကြွယ်ဝပြီးသား အသင်းတွေမှာ အလုပ်မဖြစ်ခဲ့တဲ့ ဂန္နဝင်တွေထက် နှာတဖျားမက သာလွန်သူဆိုတာ အသေချာပါပဲ။ ဂိုးရာကျော်သွင်းထားပေမယ့် မုန်းတီးသူတွေကတော့ ရော်နယ်ဒိုက အသင်းငယ်တွေကိုသာ ဂိုးသွင်းနိုင်သူလို့ဆိုပါတယ်။

အထူးသဖြင့် အသက် (၃၀) ကျော်မှ ပထမဆယ်စုနှစ် အတွင်း သွင်းခဲ့တဲ့ သွင်းဂိုးရဲ့ နှစ်ဆ သွင်းယူခဲ့တဲ့ ရော်နယ်ဒို အပေါ်မှာ မယုံကြည်မှု့တွေရှိကြသလို အသင်းငယ်အများစုဖြစ်နိုင်တယ်လို့ထင်မှတ်စရာရှိပေမယ့် အမှန်တကယ်တော့ ရော်နယ်ဒို က FIFA အဆင့်သတ်မှတ်ချက် (၁-၁၀) အတွင်းရှိတဲ့ အသင်းတွေကို ဂိုးသွင်းရာမှာ အများဆုံး သွင်းယူထားသူဖြစ်နေတယ်ဆိုတဲ့အချက်က ဝေဖန်မှု့အားလုံးကိုတိတ်ဆိတ်သွားစေပါတယ်။
ရော်နယ်ဒိုက သူနဲ့ရင်ဆိုင်တွေ့စဉ်က FIFA Top(10) ဝင်နေတဲ့အသင်းတွေကို သွင်းဂ်ုး (၁၀) ဂိုးရယူဖူးခဲ့ပြီး လက်ရှိဥရောပ ထိပ်တန်းတိုက်စစ်မှုးတွေထဲမှာ FIFA Top(10) အသင်းတွေကို ဂိုးသွင်းယူခဲ့ဖူးတာက လူးဝစ်ဆွာရက်ဇ် (၃)ဂိုး၊နေမာ (၂) ဂိုးနဲ့ လီဝန်ဒေါစကီး (၁) ဂိုးသာ ရှိပြီး မက်ဆီ ကတော့ FIFA Top(10) အသင်းတွေကို တစ်ကြိမ်မှာ ဂိုးမသွင်းယူခဲ့ဖူးပါဘူး။ရော်နယ်ဒိုက ၂၀၀၄ ယူရိုမှာ အဆင့်ငါးရှိတဲ့ နယ်သာလန်ကို တစ်ဂိုး၊ ၂၀၀၈ ယူရို မှာ အဆင့် ခြောက် ချက်အသင်းကို တစ်ဂိုး၊၂၀၁၂ ယူရို မှာ အဆင့် လေး ရှိတဲ့ နယ်သာလန်အသင်းကို နှစ်ဂိုး၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာအဆင့် တစ်ဆယ်ရှိတဲ့ စပိန်ကို သုံးဂိုး၊ ၂၀၁၉ နေးရှင်းလိဂ်မှာ အဆင့်ကိုး ဆွဇ်ဇလန်ကို သုံးဂိုးသွင်းယူခဲ့ပြီး FIFA Top(10) အသင်းတွေကို ဟက်ထရစ် နှစ်ကြိမ်အပါဝင်(၁၀) ဂိုးထိရရှိထားသူလည်းဖြစ်ပါတယ်။