သမိုင်းမှာ မှတ်တမ်းဝင်မယ့်ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ခရစ်တီယာနို ရော်နယ်ဒို

ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ဆိုရင် မက်‌ဆီ နဲ့ ရော်နယ်ဒို ရဲ့ ချွန်ထွက်နေတဲ့ စာရင်းတွေ ဘယ်တစ်ဦးတစ်ယောက်ကိုမှအနားကပ်ခွင့်မပေးထားပဲ ကမ္ဘာ့သမိုင်းရဲ့အထူးခြားဆုံး ကစားသမားတွေအဖြစ် ရပ်တည်နေပါတယ်။ ထိပ်သီးအသင်းကြီးတွေ ‌တွေ့ဆုံတာက ပွဲကြီး‌ပွဲကောငဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ယောက်က ထိပ်သီးအသင်းကြီးနှစ်သင်းကနေ ထိပ်တိုက် တွေ့ဆုံတာကတော့ ကမ္ဘာပေါ်က ဘောလုံးပရိတ်သတ်တိုင်းမလွတ်တမ်းစောင့်ကြည့်ရမယ့် ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာအသေချာပါပဲ။

၂၀၀၈ ခုနှစ် မန်ယူနိုက်တဒ် နဲ့ ဘာစီလိုနာ တို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကနေ စတင် တွေ့ဆုံခဲ့တဲ့ ဒီနှစ်ယောက်ရဲ့ရေစက်က စပိန် ကနေ ကမ္ဘာ့အကြီးမားဆုံး နိုင်ငံဒါဘီ ပြိုင်ပွဲအဖြစ် အလ်ကလက်စီကို မှာ ဆက်တိုက်တွေ့ဆုံခဲ့ပြီးနောက် ယခုတစ်ကြိမ် မှာလည်းထပ်မံတွေ့ဆုံဖို့အကြောင်းဖန်လာပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေနဲ့ ဗိုလ်လု ပွဲအဆင့်တွေ မှာဆုံတွေ့ဖူးသလို အမှတ်ပေးဖလား၊လိဂ် ပွဲများစွာမှာလည်း သူတပြန်ကိုယ်တပြန် အနိုင်ယူခဲ့သူတွေဖြစ်ပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ တစ်ခါမှမတွေ့ဆုံဖူးသေးတာကြောင့် ယူဗင်းတပ်စ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် တွေ့ဆုံမှု့ကနေ ကမ္ဘာ့အကောင်းဆုံး နှစ်ယောက် ထိပ်တိုက် ပြန်တွေ့မယ့် ပွဲအတွက် ပရိတ်သတ်တွေက မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။

သိာ့ပေမယ့်လည်း ယမန်နေ့က ပေါ်တူဂီအသင်းရဲ့ဆေးစစ်ချက်အဖြေမှာ သူတို့ရဲ့အသင်းခေါင်းဆောင်ရော်နယ်ဒို မှာ ကိုဗစ် ပိုးတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းတွေက ရော်နယ်ဒိုပရိတ်သတ်၊မက်ဆီပရိတ်သတ် ကိုသာ တစ်ကမ္ဘာလုံးက သူတို့နှစ်ယောက် ကစားတာကိုကြည်ရှု့လိုတဲ့ ပရိတ်သတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ ရော်နယ်ဒိုက ကိုဗစ်တွေ့ရှိခဲ့တာကြောင့် အိမ်ပြန်လွှတ်ခံခဲ့ရသလို တူရကီကို ပြန်ရောက်ရင်လည်း အစိုးရ ဥပဒေအရ (၁၀) ရက် အိမ်မှာဆက်နေရမှာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းနဲ့ ယူဗင်းတပ်စ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကလာမယ့် တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကစားမှာဖြစ်လို့ (၁၄)ရက်သာ ကျန်ရှိတော့ပြီး ရော်နယ်ဒို အတွက်တော့ အချိန် မလုံလောက်မှု့နဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ရော်နယ်ဒိုအနေနဲ့ အိမ်မှာပဲ တစ်ဦးတည်းလေ့ကျင့်ခန်းအပြည့်အဝလေ့ကျင့်ခဲ့ရင်တောင် အနည်းဆုံး(၁၀)ရက် အပြင်ထွက်ခွင့်မရလို့ ဘာစီလိုနာ အသင်းနဲ့ပွဲမှာ ကြံခိုင်မှု့အပြည့်အဝရရှိဖို့ကမသေချာပါဘူး။ရော်နယ်ဒို – မက်ဆီ ထိပ်တိုက်တွေ့ဆုံမှု့ကို ယခုလာမယ့်တစ်ပတ်မှာ တွေ့မြင်ရဖွယ်မရှိပဲ ဒုတိယအကျော့မှသာ ပြန်လည်မြင်တွေ့ရဖို့များနေပါတယ်။