လူပေါင်း (၆၀၀) ကျော်အတွက် အစားသောက်တွေလှူဒါန်းသွားမယ့် အဆိုတော် ချမ်းချမ်း

ကိုဗစ် ကာလအတွက် အခြေခံလူတန်းစားတွေကို ကူညီလှူဒါန်းကြတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ချမ်းချမ်းလည်း ပါဝင်လာခဲ့ပါပြီ ။လာမယ့် အောက်တိုဘာလ (၁၆)ရက်နေ့မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့အိမ်ထောင်စု (၁၀၀) အတွက် လှူဒါန်းမှုတြွေပုလုပ်ဖို့စီစဉ်နေပြီး ပရိသတ်ကြီးလည်း ကိုယ်တတ်နိူင်သလောက်ပါဝင်ခြင်းဖြင့်မိမိထက်ချိူ့တဲ့သူများကိုကူညီကြဖို့ချမ်းချမ်းက တိုက်တွန်းခဲ့ပါတယ် ။

လတ်တလောမှာတော့ သောကြာနေ့အလှူအတွက် စတင်ထုပ်ပိုးနေပြီဖြစ်ပြီး ပထမ အိမ်ထောင်စု (၁၀၀) အတွက် ခန့်မှန်းခဲ့ပေမယ့် အိမ်ခြေ(၁၇၅) အိမ်ဖြစ်သွားတဲ့အတွက် လူဦးရေ အနည်းဆုံးခန့်မှန်းခြေ ၆၀၀ကျော်ကိုလှူဒါန်းနိူင်တော့မှာဖြစ်တယ်လို့သိရပါတယ် ။ ဒါ့အပြင် သူမရဲ့အလှူလေးမှာပါဝင်လှူဒါန်းခဲ့ကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေ/ံ့အလှူစာရင်းကိုလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဖော်ပြပေးသွားမှာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ် ။

ချမ်းချမ်းတစ်ယောက် သူမရဲ့အလှူအတွက် ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို အလှူရှင်တွေ ရော ပရိသတ်တွေရော အားလုံး အတွက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးထားပါသေးတယ် ။ ချမ်းချမ်းရဲ့ ပရိသတ်တွေလည်း သောကြာနေ့မတိုင်ခင် အလှူလေးမှာပါဝင်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Source :Chan Chan