ကိုယ့်ကိုကိုယ်အဆုံးစီရင်သူရဲ့ကျန်ရစ်သူဇနီးနဲ့သမီးလေးကို ငွေ၅သိန်း ထပ်မံလှူလိုက်တဲ့ ခိုင်နှင်းဝေ

ပရဟိတ အလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိနေတဲ့ ခိုင်နှင်းဝေ ကတော့ လိုအပ်လျှင် လိုအပ်တဲ့နေရာကို ချက်ခြင်းဆိုသလို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။မိဘမဲ့ကလေးငယ်တွေကို စောင့်လျောက်ရန်အတွက် ခိုင် မိသားစုဂေဟာလေးကိုလည်သ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပါတယ်။

အခက်အခဲဖြစ်တဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေရှိသလို အဝေးကနေပဲ အကူညီပေးလှူဒါန်းလျက်ရှိပါတယ်။မိမိ မိသားစုအတွက်အချိန်ခဏတာမျှတာပေးရပြီး ပရဟိတအလုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ခိုင်နှင်းဝေ တစ်ယောက် မကြာသေးမှီက နို့မှုန့်ဖိုး မတတ်နိုင်လို့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့သူရဲ့ ကျန်ရစ်သူ လသားအရွယ်ကလေးအတွက် နို့မှုန့်တစ်နှစ်စာလှူဒါန်းခဲ့ပေမယ့် ယနေ့မှာတော့ အဆင်ပြေချော့မွေ့စေဖို့ ငွေ၅သိန်းနဲ့ ကလေးအသုံးအဆောင်ပစ္စည်တွေ သွားရောက်လှူဒါန်းခဲ့ကြောင်း မျှဝေလာခဲ့ပါတယ်။

သူမအနေနဲ့ ထိုသို့လှူဒါန်းဖို့အတွက် ဝိုင်းဝန်းကူညီပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်စကားတင်ကြောင်းမျှဝေခဲ့ပါတယ်။ကျန်ရစ်သူ ဇနီးနဲ့သမီးလေးအတွက် သူမအနေနဲ့ ရှေ့ဆက်ပြီး ကိုယ်ပိုင်စျေးဆိုင်လေးတစ်ခုအဖြစ် ဖန်တီးလှူဒါန်းပေးဖို့ အထိရည်ရွယ်ထားပါတယ်တဲ့နော်။မွန်မြတ်လှတဲ့ ခိုင်နှင်းဝေတစ်ယောက် ကျန်းမာစွာ ပရဟတိအလုပ်တွေ ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။