ချန်ပီယံရှစ်ကစားသမားကို ပေါင်သန်း ၃ဝပေးခေါ်လိုက်တဲ့ ပရီးမီးယားလိဂ်ကလပ်

ဥရောပအပြောင်းအရွှေ့က အောက်တိုဘာ(၅)ရက်နေ့မှာ ပိတ်သွားပေမယ့် အဂ်လန်ပြည်တွင်း အပြောင်းရွှေ့ကတော့ နောက်ထပ် တစ်ပတ် ကျော်ပေးထားခဲ့လို့ အောက်တိုဘာ (၁၆) ရက်နေ့အထိအသက်ရှိနေတာဖြစ်ပါတယ်။ အဂ်လန်ပြည်တွင်း ကစားသမားခေါ်ယူမှု့တွေကို အောက်တိုဘာ (၁၆) ရက်နေ့အထိပြုလုပ်ခွင့်ရှိနေပြီး ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ ချန်ပီယံရှစ်ကကစားသမားတွေကိုခေါ်ယူခွင့်ရှိနေပါသေးတယ်။

ချန်ပီယံရှစ်မှာ ဘွန်ဒီးယား၊မက်စ်အာရွမ်၊စအိဒ်ဘန်ရာမာ၊တော့ဒ်ကန့်ဝဲလ်၊ဆားရ် အပါဝင် ကစားသမားကောင်းများစွာရှိနေပြီး ဝက်စ်ဟမ်းအသင်းကတော့ အခြားအသင်းတွေအထက်အရင် လက်ဦးမှု့ရယူကာ စအိဒ်ဘန်ရာမာ ကို ခေါ်ယူလိုက်ပြီလည်းဖြစ်ပါတယ်။
ဘရန့်ဖိုဒ့် အသင်းကစားသမား ဖြစ်တဲ့ ဘန်ရာမာ ကို ပရီးမီးယားလိဂ်ထိပ်သီး ‌အသင်းတချို့နဲ့ လက်စတာ၊ဆောပ်တပ်တန်၊စပါး အသင်းတို့ကစိတ်ဝင်စားခဲ့ကြပြီး ဝက်စ်ဟမ်း အသင်းက ပေါင်သန်း (၃၀) နဲ့ ခေါ်ယူဖို့ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ယမန်နေ့က ဘရန့်ဖိုဒ့်အသင်းနဲ့ ဘန်ရာမာ ရဲ့တာဝန်ရှိသူတွေကြား တွေ့ဆုံမှု့အပြီး အပြောင်းရွှေ့ကို လက်ခံခဲ့ကြပြီး ဝက်စ်ဟမ်း အသင်းက ဘန်ရာမာ ကို ငါးနှစ်သက်တမ်း ရှိတဲ့စာချုပ် နဲ့ ခေါ်ယူဖို့ ယနေ့မှာ ဆေးစစ်နေပြီလည်းဖြစ်ပါတယ်။ဘန်ရာမှာက ဘရန့်ဖိုဒ့် အသင်းအတွက် (၄၆) ပွဲကစား(၁၇) ဂိုးသွင်းပေးခဲ့ပြီး ဝင်ဘာလေမှာ ဖူလ်ဟမ် အသင်းကို play off နဲ့ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ်တန်းတက်ခွင့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ် အသင်းက ဘန်ရာမာ ကိုခေါ်ယူနိုင်ပြီးနောက် ဘုန်းမောက်အသင်းရဲ့ နော်ဝေးလ် တိုက်စစ်မှုး ဂျိရှုအာကင်း ကို ထပ်မံချိတ်ဆက်နေပါတယ်။ ကင်းကို ယူနိုက်တ‌ဒ်၊မန်စီးတီး၊လီဗာပူးလ် တို့ကလည်း ချိတ်ဆက်ခဲ့ဖူးပြီး ဘုန်းမောက်အသင်းက သန်း (၂၀) အထိဈေးတောင်းနေလို့ လက်လျှော့ခဲ့တာဖြစ်ပါတယ်။ဝက်စ်ဟမ်း အသင်းက ကင်း အတွက် ပေါင်(၁၃) သန်း တန်ကမ်းလှမ်းချက်ပေးပို့ထားပြီး အပြောင်းအရွှေ့ပိတ်မယ့် မနက်ဖြန် ညနေမှာ ခေါ်ယူနိုင်ခြင်း ရှိ/မရှိကို သိရမှာလည်းဖြစ်ပါတယ်။