ဂရီလစ်ကို သောက်မြင်ကတ်လို့ချန်ထားတာလားလို့ ဒဲ့မေးလိုက်တဲ့ အဘွန်လဟော်

အပ်စတွန်ဗီလာ အသင်းခေါင်းဆောင်ဟောင်းဖြစ်သလို အဂ်လန်ကစားသမားဟောင်းလည်းဖြစ်တဲ့ အဘွန်လဟော်က လက်ရှိအဂ်လန်နည်းပြ ဂယ်ရီဆောက်ဂိတ်ရဲ့ ဂရေးလရှ်ကိုချန်လှပ်ထားမှု့က ပုဂ္ဂိုလ်ရေးပြသနာရှိနေလားလို့မေးခွန်းထုတ်လိုက်ပါတယ်။ အဂ်လန်အသင်းရဲ့ ခြေစမ်းပွဲမှာ အကောင်းဆုံးဆုရခဲ့တဲ့ ဂရေးလရှ်ကို တရားဝင်ပြိုင်ပွဲမှာထည့်သွင်းချင်းမရှိတော့သလို မီဒီယာကမေးရာမှာလည်း ဆောက်ဂိတ်က လှည့်ပတ်ဖြေကြားရင်း အဆုံးသတ်ခဲ့လို့ ဗီလာအသင်းခေါင်းဆောင်ဟောင်းက ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။

ဂရေးလရှ်က ဝေးလ်ကိုအနိုင်ရတဲ့ပွဲမှာသာကစားခွင့်ရပေမယ့် အခွင့်အရေး သုံးကြိမ်ဖန်တီးခဲ့သလို လိမ်ခေါက်ကျော်ဖြတ်မှု့ (၇)ကြိမ်ရှိခဲ့ပြီး အများဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဆောက်ဂိတ်ကတော့ ဒိန်းမတ်ကို ရှုံးနိမ့်တဲ့ပွဲမှာ လူစားလဲအသုံးပြုတာမျိုးတောင်မရှိပဲ ချန်လှပ်ခဲ့တာကြောင့် အဘွန်လဟော်ကမေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ အဘွန်လဟော်က “ဒိန်းမတ်နဲ့ပွဲမှာ (၁၀)ယောက်ဖြစ်သွားချိန်ကိုထားလိုင်ပါ။ (၁၁) ယောက်အချိန်မှာတောင် အဂ်လန်က မှန်ကန်တဲ့လူစာရင်းနဲ့ မရှိနေပါဘူး။
“လူမှု့ကွန်ရက်မှာဖြစ်စေ ရုပ်သံမှာဖြစ်စေ အားလုံးပြောနေကြတဲ့ ကစားသမအကြောင်းကတစ်ယောက်ထဲပါ။အဲ့တာကဂရေးလရှ်ပဲမဟုတ်လား။သူက ဒီအသင်းမှာပွဲထွက်ခဲ့ရမှာပါ၊ အဂ်လန်အသင်းက အနီကဒ်မထိခင်အချိန်တောင်မှာ ဂရေးလရှ်လို ချိတ်ဆက်နိုင်မယ့် လူကိုလိုအပ်နေတာမဟုတ်လား။အဂ်လန်မှာ ဂရေးလရှ်လို‌ ဘောလုံးနဲ့အတူ ပြိုင်ဘက်နောက်ခံလူတွေကြားကနေ ဖြတ်ပြေးပြီး အသင်းဖော်တွေကိုနေရာလွတ်ရအောင် လုပ်ပေးမယ့်သူမျိုး မရှိခဲ့ဘူးလေ။သူ့အထက်အရင်အခြားကစားသမားတွေကိုဘာလို့အသုံးပြုနေလည်း မစဉ်းစားတတ်အောင်ပါပဲ”

“ကျနော်တို့မသိတဲ့အခြား ပြသနာတွေသူတို့ကြားမှာရှိနေမယ်ထင်ပါတယ်။ဂယ်ရီဆောက်ဂိတ်အနေနဲ့ မီဒီယာမှာ ဒီကိစ္စကိုဖြေရှင်းသင့်ပါတယ်။ကျနော်အပါဝင်အားလုံးလည်း ဂရေးလရှ်ပြသနာအတွက် စိတ်ပျက်ခဲ့ကြတာပဲမဟုတ်လား။ဂျေဒန်ဆန်ချို၊ဂရေးလရှ် လိုကစားသမားတွေ အရံခုံမှာရှိနေတာကို ဘလ်ဂျီယံလိုအသင်းကို ခံစစ်သမားအများအပြားနဲ့ကစားခဲ့တာမျိုးကလည်း လက်သင့်ခံစရာကိုမရှိပါဘူး” လို့ဆိုပါတယ်။