ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ကိုဗစ်ကာလအတွင်း ဗုဒ္ဓတရားတော်များနှင့်အညီ နေထိုင်ဖို့ တကမ္ဘာလုံးကို တိုက်တွန်းလေပြီ

ကုလသမဂ္ဂအတွင်းရေးမူးချုပ်ကကဆုန်လပြည့်နေ့မှာ မိန့်ခွန်းပြောခဲ့တာကကပ်ဘေးကနေ ကျော်လွန်ပြီးမြောက်ဖို့
ဗုဒ္ဓအဆုံးအမအတိုင်း ကျင့်သုံးနေထိုင်ဖို အရေးကြီးတယ် တဲ့

ဦးသန့်ကုလသမဂ္ဂအတွင်းရေးမူးချုပ် ဖြစ်စဉ်အခါကလည်း အီတလီဘုန်းတော်ကြီး ဦးလောကနာထ နဲ့အနီးစခမ်းဆရာတော်ကြီးကို BBC ကနေ အသံလွှင့်ဟောကြားစေခဲ့လို့ကမ္ဘာသူ ကမ္ဘာသားတွေ တရားဓမ္မတွေကို ထိုက်သင့်သလောက် ကျင့်သုံးခွင့်ရစေခဲ့တယ်

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးဝိုင်းကြီးမှာ ဂုရုကြီး ဦးဂိုအင်ကရဲ့ ဟောပြောမူ့ကြောင့် နိုင်ငံပေါင်း ၁၃၅ နိုင်ငံထိ ဆရာကြီးရဲ့ တရားစခန်းတွေ အောင်မြင်စွာဖွင့်လှစ်န်ုင်ခဲ့တယ်

ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်ပေါက်တော်မူတာဟာ ၃၁ ဘုံသားတွေ ချမ်းသာရာ ရစေဖို့ပါ

ဘုရားရှင်ပွင့်ထွန်းတော်မူတဲ့အချိန်မှာ အားလုံးဉာဏ်မျက်စိအလင်းမရခဲ့သူတွေချည်းပါပဲ ဘုရားရှင်ဟာ ဓမ္မနဲ့ဉာဏ်မျက်စိဖွင့်ပေးခဲ့လို့ ပါရမီပါသူအားလုံး ဘဝချုပ်ငြိမ်းကြရတယ်ဘုရားရှင်ဟာ အယူမှားနေသူတွေကို သူကြိုက်တာကိုးကွယ်ဆိုပြီး မျက်နှာလွဲခဲပြစ်မလုပ်ပါဘူး ဓမ္မနဲ့အစားထိုးပြီး ဉာဏ်မျက်စိဖွင့်ပေးခဲ့ပါတယ်

ဗုဒ္ဓဘာသာဟာ အတင်းအကြပ် ကိုးကွယ်ခိုင်းတဲ့ဘာသာမဟုတ်ပါဘူး ဒါကဒီလိုရှိတယ် ကြိုက်ရင်ယူကြ မကြိုက်လည်နေကြဆိုပြီး လူ့အခွင့်အရေးနဲ့အညီ သာသနာပြုတဲ့ဘာသာပါ

အခု ကုလသမဂ္ဂအတွင်းရေးမူးချုပ်ဟာ ဗုဒ္ဓတရားတော်တွေကို ကျင့်သုံးကြဖို့နိုးဆော်တာဟာဘယ်ဘာသာကိုမှ သစ္စာဖောက်တာမဟုတ်ပါဘူး သူ့ပါတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းမှာ ဒီလိုစကားပြောဖို့ဆိုတာ တော်ယုံသတ္တိနဲ့လည်း မဖြစ်နိုင်ပါဘူး သူဟာ ဗုဒ္ဓအပေါ်ကို အင်မတန်ယုံကြည်လို့သာ ပြောတာပါ

ဒီလို သတ္တိမျိုး ကျွန်တော်တို့ဗုဒ္ဓဘာသာခေါင်းဆောင်တွေမှာရှိသင့်လှပါတယ်

အမှောင်ဖုံးပြီး အယူလွဲနေတဲ့ သတ္တလောကကြီးအတွက် ဉာဏ်မျက်စိဖွင့်ပေးဖို့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်

ဘုရားရှင်ရဲ့ တရားတော်တွေကို ယုံကြည်တယ်ဆိုရင်
ဘယ်ဘာသာ ဘယ်လူမျိုးကိုမှ အားမနာပဲ ပြောပါ ဟောပါ ကိုယ်မဟောနိုင်ရင်လည်းဟောနိုင်ပြောနိုင်တဲ့ သံဃာ တော်တွေကို ချီးမြှောက်ပါဒါဆိုရင်လောကကြီးအလင်းရောင် ရလာပါလိမ့်မယ်

ဗုဒ္ဓဘာသာခေါင်းဆောင်များကုလသမဂ္ဂအတွင်းရေးမူးချုပ်လိုသတ္တိရှိနိုငိကြပါစေ