ဖာနန်ဒက် ခြေစွမ်းကို ချီးကျူး လိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်

ဖာနန်ဒက် ခြေစွမ်းကို ချီးကျူး လိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်..

ဖာနန်ဒက်စ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ၇ ပွဲကစားပြီး ၅ ဂိုးသွင်းယူထားကာ ဖန်တီးမှုသုံးကြိမ်ထိ ပြုလုပ်ထားနိုပါတယ်။

အဲဗာတန် အသင်းနဲ့ ပွဲစဥ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်..

အဲဗာတန်အသင်းဟာ ပွဲချိန် ၁၉ မိနစ်မှာ ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပေမယ့်လည်း ၆ မိနစ်အကြာမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

ထို့အပြင် ဖာနန်ဒက်စ်ဟာ ၃၃ မိနစ်မှာ ဦးဆောင်ဂိုးကိုသွင်းယူခဲ့သလို ပွဲပြီးခါနီး ၉၅ မိနစ်မှာလည်း တိုက်စစ်မှူးကာဗာနီကို တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ဖာဒီနန်က –
“အိုးလီရဲ့ မန်ယူနိုက်တက်အသင်းက တစ်ကယ်လိုအပ်လာပြီဆိုရင် ခြေစွမ်းကောင်းလာကြတယ်။ ဒီနေ့လည်း အဲလိုပါပဲ။
အဲဗာတန်နဲ့ ကစားရင် စိတ်ပျက်စရာဖြစ်နေမယ်ထင်ခဲ့တာ။ ဒါပေမယ့် ပွဲထဲမှာတော့ သူတို့ကြိုးစားကြပါတယ်။”

“နှစ်ဂိုးသွင်းခဲ့တဲ့ ဖာနန်ဒက်စ်။ သူကတစ်ကယ် လျှမ်းလျှမ်းတောက်ဖြစ်နေပြီ။ သူ့ကိုရလိုက်လို့ အိုးလီတော့ တစ်ကယ်ကျေနပ်နေလောက်တယ်…

၃၃ ပွဲကစားပြီး ဂိုး ၃၀ အထိပါဝင်ပတ်သက်နေတယ်။ ဒါက သူဘာလုပ်နေတယ်ဆိုတာ သက်သေပါပဲ။”
ဆိုပြီးချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဒီနန်ကတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့အဲဗာတန်နဲ့ပွဲက ကစားခဲ့တဲ့ခြေစွမ်းကို အလွန်နှစ်သက်သဘောကျနေပါတယ်။

…မန်ယူသတင်းများ..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*