သီတဂူဆရာတော်ဘုရားပြီး မိန့်ကြားသော “သူ့ကံသူပြန်ယူလိမ့်မယ်”

သီတဂူဆရာတော်ဘုရားပြီး မိန့်ကြားသော “သူ့ကံသူပြန်ယူလိမ့်မယ်”

လူအချို့က အလိုမကျရင်
ဘုရားကိုတောင်ဆဲသေးတာပဲ၊
သူခိုးက ညမှာ လင်းအားကြီးလို့ ‘လ’ ကိုဆဲ၊
နေ့အလုပ်လုပ်သူက နေပူလွန်းလို့ ‘နေ ‘ကိုဆဲ၊

သူ့ဖာသာနေတဲ့ လ တို့၊ နေ တို့၊
မြေကြီး တို့တောင် အဆဲခံရသေးတာပဲ။
ဘာမဟုတ်တဲ့သူတွေက ဘယ်လောက်ဆဲဆဲ
‘နေ’ လို ‘လ’ လို ‘မြေကြီး’ လို
ဘာမှမတုန့်ပြန်ဘဲနေလိုက်ကြပါ။

သာသနာအတွက်၊ တိုင်းပြည်အတွက်၊
ဘယ်လောက်ပဲ စေတနာကောင်းနဲ့
ကြိုးကြိုးစားစားလုပ်ပေးနေပေမယ့်
သူတို့အလိုမကျရင် အဆဲခံရမှာပဲ။

အသားကုန်ဆဲ… ဆဲရင်းမော…
နောက်ဆုံး ရပ်သွားလိမ့်မယ်၊
“သူ့ကံတွေကို သူ့ဖာသာပြန်ယူသွားလိမ့်မယ်”

ကိုယ့်အလုပ်…သာသနာနဲ့ နိုင်ငံအတွက်၊
ကိုယ်နိူင်ရာဘက်ကနေ ဆက်လုပ်နေရင်
အမှိုက်တွေ နားထဲမဝင်သလို
မျက်စိထဲလည်း ရောက်မလာဘူး။

ဒါဟာ…
တကယ့်လောကဓံအစစ်ရဲ့ ကြံ့ခိုင်မှုပဲ၊
ခံနိုင်ရည်စွမ်းဘယ်လောက်ရှိလဲ…လို့
စမ်းသပ်ခြင်းလို့သာ သဘောထား။

(သီတဂူဆရာတော် ဘုရားကြီး)
..crd(မူရင်းရေသားပူဇော်သူ)..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*