အခြေခံလူတန်းစားတွေအတွက် အစားအသောက်၊ စောင်နဲ့ ပိုက်ဆံတွေ လိုက်ဝေပေးခဲ့တဲ့ မယ်လိုဒီ

အခြေခံလူတန်းစားတွေအတွက် အစားအသောက်၊ စောင်နဲ့ ပိုက်ဆံတွေ လိုက်ဝေပေးခဲ့တဲ့ မယ်လိုဒီ

ကျန်းမာရေးမကောင်းတဲ့ကြားထဲကနေ အလှူတွေဆက်တိုက်လုပ်နေတဲ့ မေမေမျိုးကတော့ ဒီတစ်ခေါက်မှာလည်း လမ်းမှာတွေ့တဲ့ အခြေခံလူတန်းစားတွေအတွက် အစားအသောက်နဲ့ စောင်တွေအပြင်ပိုက်ဆံအချို့ပါ ကူညီပေးခဲ့ပါတယ်။

ဘုရားတရားအပြင် ကုသိုလ်ရေးတွေပါ လုပ်နေတဲ့ မေမေမျိုးဟာ ကိုယ့်နောက်ပါမယ့်အလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်နေခဲ့တာပါ။သားလေးကိုစောင့်ရှောက်ပေးနေတဲ့ ဖိုးဖိုးနဲ့ဖွားဖွားကြောင့် စိတ်အေးရသလို သူမ စိတ်ချမ်းသာဖို့ ခြံထဲမှာ အသီးအနှံတွေ စိုက်ပျိုးပေးထားတဲ့ ဖခင်ကြောင့်လည်း စိတ်ပျော်ရွှင်ရပါတယ်။

ကိုယ့်အပေါ်နားလည်မှုပေးပြီး ကောင်းမွန်တဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ရတာလည်း ဘုရားပေးတဲ့ဆုလာဒ်တစ်ခုပါပဲ။ကိုယ်တိုင်လည်းဘုရားတရားလုပ်သလို သားလေးကိုလည်း ဘုရားတရားကိုင်းရှိုင်းတတ်အောင် သင်ပြပေးတဲ့ မိခင်ကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။

အလှူရေစက်လက်နဲ့မကွာဆိုသလိုခင်ပွန်းမရှိတဲ့ ကလေးနှစ်ယောက်မိခင်ကို ကူညီပေးခဲ့ပြီးနောက် အလှူတွေဆက်တိုက်ဆိုသလို လုပ်နေတဲ့ မေမေမျိုးအတွက် သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်။

..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*