သာသနာတော် ထွန်းကားပြန့်ပွားစေဖို့ အလှူငွေကျပ် သိန်း (၂၀) လှူဒါန်းလာခဲ့တဲ့ သီဟသုဓမ္မမဏိဇောတဓရ ခန့်စည်သူ

သာသနာတော် ထွန်းကားပြန့်ပွားစေဖို့ အလှူငွေကျပ် သိန်း (၂၀) လှူဒါန်းလာခဲ့တဲ့ သီဟသုဓမ္မမဏိဇောတဓရ ခန့်စည်သူ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရရဲ့ ဂုဏ်ပြု ချီးမြှင့်ဘွဲ့ ရထားတဲ့ သီဟသုဓမ္မမဏိဇောတဓရ ခန့်စည်သူဟာ တစ်ကိုယ် တည်း လူပျိုကြီး ပီပီ မိဘ နှစ်ပါးကို လုပ်ကျွေးပြုစုရင်း အလှူ အတန်း တွေကို အမြဲတမ်း ပြုလုပ်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခန့်စည်သူဟာ မေတ္တာ သင်္ဂဟ ပရဟိတ အဖွဲ့ကိုလည်း ဦးဆောင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာလည်း လိုအပ်နေတဲ့ နေရာတွေ မှန်သမျှကို ထောက်ပံ့ ကူညီ လှူဒါန်းပေးနေတာကို ပရိတ်သတ်ကြီးအားလုံးလည်း သိကြမှာပါ။

နိုဝင်ဘာလ (၂၈) ရက်နေ့မှာလည်း ခန့်စည်သူဟာသိန်း (၂၀)ကျပ် လှူဒါန်းခဲ့တဲ့ အလှူလေးကို ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး အတွင်းရှိ မဂ္ဂင် ဓါတုစေတီတော်ကြီး၏ထီးတော် (၁) ဆူနှင့် အရံစေတီတော် (၈) ဆူအတွက် ထီးတော်များတင်လှူပူဇော်လှူဒါန်းခဲ့ခြင်းနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန အဆောက်အဦများ တည်ဆောက်ရေးအတွက် အလှူငွေ ကျပ်သိန်း (၂၀) လှူဒါန်းလာခဲ့ပါတယ်

လှူဒါန်းမှု အစုစုတို့အတွက် နတ် လူ သာဓုခေါ်ပါစေသော ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသားဖော်ပြလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ခန့်စည်သူရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓု ခေါ်ဆိုကြမယ်လို့ ထင်ပါတယ်။ ဖတ်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

..Source ; Kyaw Soe Win’s fb..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*