ဝမ်းနည်းကြေကွဲ ဖွယ် နှုတ်ဆက်ပွဲ လုပ်ခဲ့တဲ့ လူးဝစ်ဆွာရက်ဇ်

ဘာစီလိုနာ တိုက်စစ်မှုး လူးဝစ်ဆွာရက်ဇ် ကတော့ ယနေ့ နူးကမ့်မှာပဲ သူ့ရဲ့ နှုတ်ဆက်ပွဲကို မျက်ရည်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ဂန္နဝင် တိုက်စစ်မှုး စာရင်းကို ဝင်ရောက်ခွင့်ရခဲ့ပေမယ့် နည်းပြသစ် ကိုးမန်းရဲ့ အလိုမရှိတဲ့ အချက်ကြောင့် အသင်းပြောင်းရွှေ့ခဲ့ပြီး အဓိက ပြိုင်ဘက် အေတီကိုမက်ဒရစ် ကိုပြောင်းရွှေ့ခဲ့တာကတော့ ဘာစီလိုနာ ပရိတ်သတ်တွေ အတွက် အနည်းငယ် ဒေါသထွက်ဖို့ ကောင်းနေပါလိမ့်မယ်။

သို့ပေမယ့် ဆွာရက်ဇ် ကတော့ ဘာစီပရိတ်သတ်တွေကို အကောင်းဆုံးနှုတ်ဆက်ခဲ့ပြီး အေတီကို နဲ့ ပြောင်းခဲ့ပေမယ့် သူနဲ့ မက်ဆီကြားကဆက်ဆံရေးအပေါ် ထိခိုက်မှာမဟုတ်ဘူးလို့လည်း ဝန်ခံခဲ့ပါသေးတယ်။ ဆွာရက်ဇ်က”ဘာစီလိုနာကနေ ထွက်ခွာဖြို့တကယ်ကိုပဲ ခက်ခဲခဲ့ပါတယ်။ဒီလိုနေ့အတွက်လည်း ကျနော်ဘယ်တုံးကမှ မပြင်ဆင်ခဲ့ဖူးပါဘူး။ ကလပ် က ကျနော့်အမှားတွေကို အမြဲတစေ ခွင့်လွှတ်ပေးပြီး ယုံကြည်ပေးခဲ့တဲ့အတွပ်လည်း အမြဲတမ်း ကျေးဇူးတင်နေမှာပါ။နူးကမ့်ကွင်းကြီးမှာ ကျနော် ပြီးမြောက်ခဲ့တဲ့အရာတစ်ခုတိုင်းအတွက် အမှန်တကယ်ကို ဂုဏ်ယူမိပါတယ်”

ကျနော် ဒီနေ့စင်မြင့်ပေါ်တက်နိုင်ခဲ့တာက ပရိတ်‌သတ်တွေရဲ့ အားပေးမှု့ကြောင့်ပါပဲ။ကျနော့်အတွက် ဒီမှာ သူငယ်ချင်းကောင်းများစွာလည်းရှိတာကြောင့် အခုထွက်ခွာမှု့က အသင်းတစ်သင်းကနေထွက်ခွာသွားတာထက် မိသားသုအသိုင်းဝန်းတစ်ခုကနေ ထွက်ခွာရတာမျိုးနဲ့ ပိုပြီးဆင်တူပါတယ်၊ ကျနော်က ဒီအသင်းရဲ့အောင်မြင်မှု့အရှိဆုံးအချိန်တွေမှာ အတူရှိခဲ့သလို အဆုံးသတ်ချိန်မှာလည်းအတူရှိနေခဲ့ရလို့ တကယ်ကိုပဲ ဂုဏ်ယူမိပါတယ်။ နူးကမ့်ကွင်းကြီးနဲ့ဘာစီလိုနာ ဆိုတာက ကျတော့်ရဲ့ အိမ်မက်တွေဖြစ်ပြီး ခြောက်ရာသီအကြာဖြတ်သန်းမှု့အပြီးမှာတော့ ကျနော့်အနေနဲ့စိတ်ကျေနပ်မှု့အပြည့်အဝရခဲ့တာအမှန်ပါပဲ”
မက်ဆီ နဲ့ ကျနော့်ကြားကဆက်ဆံရေးကိုလည်းလူတိုင်းသိကြပါတယ်။ဘာဆာ ကို ကစားသမားတစ်ယောက်ရောက်လာတိုင်း လူတိုင်းက လီယိုကိုသတိထားဖို့မှာလေ့ရှိကြပါတယ်။ဒါပေမယ့် ကျနော်နဲ့ သူ့ကြားမှာတော့ဒါတွေကအမြဲ ပြောင်းပြန်ဖြစ်နေလေ့ရှိပြီး သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ခဲ့တာလည်းဂုဏ်ယူစရာတစ်ခုပါပဲ။

လီယို က ကျနော်ဘာတွေးနေလည်း သိသလို ကျနော်တွေးတာကိုလည်းသူနားလည်ပါတယ်။ကျနော် တို့က တစ်ယောက်ကိုတစ်ယောက် အကြံဉာဏ်တွေပေးနိုင်တဲ့အကောင်းဆုံးအရွယ်ကိုရောက်နေကြပါပြီ။ကျနော်က အဓိကပြိုင်ဘက်ကို သွားဖို့ရွေးချယ်လိုက်တော့ လီယိုလည်းနည်းနည်းတော့ ထိတ်လန့်သွားပါသေးတယ်။ဒါပေမယ့် ဒါကကွင်းတွင်းကကိစ္စတွေပါ အပြင်မှာတော့ ကျနော်တို့ကြားက ဆက်ဆံရေးကို ဘယ်အရာကမှ အနှောင့်ာှက်မပေးနိုင်ပါဘူး။ အေတီကို ပြောင်းရွှေ့သွားပြီဖြစ်လို့ ကျနော့်အနေနဲ့ အခုရာသီမှာ ဘာဆာ နဲ့ ပြန်ပြီးရင်ဆိုင်ရမှာတော့အသေချာပါပဲ။ဒီအတွက်တော့ ကျနော်အဆင်သင့်ဖြစ်ပါ့မလားဆိုတာတော့ မသေချာသေးပါဘူး။”