အခန်းပေါင်းရာကျော်ပါတဲ့ ဟိုတယ်အသစ်ကြီးကို ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန် ဂမုန်းပွင့်ကုမ္ပဏီကလှူဒါန်း (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဂမုန်းပွင့်ကုမ္ပဏီ မှအသစ်ဆောက်လုပ်ထားသောအခန်း (၁၀၂) ခန်းပါ ဟိုတယ်အဆောက်အဦ သစ်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်၊ ရှေ့တန်းမှစွမ်းစွမ်းတမံ တာဝန်ယူ ဆောင်ရွက်နေကြသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက်

ခေတ္တနားနေချိန်တွင် နေထိုင်အသုံးပြုနိုင်ရန်၊ အစားအသောက်များ အပါအဝင် ပြည့်စုံစွာ စီမံဆောင်ရွက် ပေးထားပါတယ်။ လေအေးပေးစက်များ၊ရေပူရေအေး စံနစ်များ၊ အရေးပေါ်မီးစက်များ ကိုလည်း အဆင်သင့်အသုံးပြုနိုင်ရန် တပ်ဆင်ပေးထားပါတယ်။

ရောဂါကပ်ဆိုးကြီးကျရောက်ချိန်တွင် ဂမုန်းပွင့်ကုမ္ပဏီအနေဖြင့်တစ်တပ် တစ်အား ပါဝင်ကူညီခွင့်ရရှိသည့်အတွက်လည်းများစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့်မြန်မာပြည်သူပြည်သားအပေါင်းလည်း ရောဂါကပ်ဘေးဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။