ဂါရတ်ဘေးက တော့တင်ဟမ်ကို ဆုဖလားတွေနဲ့ ခြွေးသိပ်ပေးလိမ့်မယ် – ခရော့

ရီးရဲမက်ဒရစ် အသင်းကနေ အသင်းဟောင်း စပါးအသင်းကို တရာသီ အငှားပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးဟာ အင်္ဂလန်မှာ အောင်မြင်မှု ကြီးမားပါတယ်ဆိုတဲ့ ယူနိုက်တက် ထက်တောင် ချန်ပီယံ လိဂ် ဆုဖလား အရေအတွက် ပိုမို ရယူထားနိုင်ပေမယ့် နိုင်ပွဲတွေ ဆာလောင် ပြင်းပြနေဆဲပဲလို့ အသင်းဖော်ဟောင်း ပီတာခရော့က ဆိုလိုက်ပါတယ်၊

ရီးရဲမက်ဒရစ် အသင်းမှာ နည်းပြ ဇီဒန်းနဲ့ ဘာအကြောင်းရယ်ကြောင့် မသိရပဲ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ဂါရတ်ဘေးတယောက် မိခင်ကလပ် စပါးအသင်းကို အငှားနဲ့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။

ဂါရတ်ဘေးရဲ့ အသင်းဖော်ဟောင်းဖြစ်သူ ပီတာခရော့က ဂါရတ်ဘေးဟာ နည်းပြ မော်ရင်ဟိုနဲ့ တွဲပြီး ယခု ၂၀၂၀-၂၁ ရာသီမှာ စပါးအသင်းပို ဆုဖလားတွေနဲ့ ချွေးသိပ်စေလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

” သူက တစက်လေးမှကို မပြောင်းလံသေးဖူး။ သူက ယူနိုက်တက် အသင်းထက်တောင် ချန်ပီယံလိဂ် ဆုဖလားတွေ ပိုပြီးကိုင်မြှောက်ထားနိုင်တယ်။ပြီးတော့ ငွေရေး ကြေးရေး အရလည်း ပူပန်စရာ မရှိဖူး။”

” ယုံလိုက်စမ်းပါ။ သူဆုဖလားတွေကို တော်တော် ဆာလောင်နေလိမ့်မယ်။ လတ်တလော သူဆန္ဒရှိနေတာကတော့ ပျော်ပျော်ရွှင်ရွှင်ဘောလုံး ကစားဖို့ပဲထင်တယ်။ ဘယ်ဖက်၊ ညာဖက် ထောင်ပေါင်းစုံကနေ သူရဲ့ ဂိုးတွေကို မြင်ရပါလိမ့်မယ်။”

ဒါ့အပြင် စပါးအသင်းမှာ အတူတွဲကစားစဉ်က ဂါရတ်ဘေးရဲ့ ခြေစွမ်းဟာ ရူးသွပ်ချင်စရာ ကောင်းလောက်အောင် အမြင့်ဆုံးမှာ ရှိနေပြီး အသင်းကို နောက်တကြိမ် ပြန်လည် ရောက်ရှိခဲ့ခြင်းက စပါးအသင်းအတွက် လာခြင်းကောင်းတယ်လို့ ခရော့က ဆိုပါသေးတယ်။

” ဂါရတ်ရဲ့ ခြေစွမ်းက ကျွန်တော့်ကို အသက်ရှုရပ်တန့်သွားစေခဲ့တယ်။ အဲ့တုန်းက ကျွန်တော်တို့မှာ လူကာမိုဒရစ်လို ထူးရှယ်ကစားသမားတွေ ရှိတယ်။ဒါပေမယ့် ဂါရတ်ကတော့ နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလို့ ချီးကျူးခံရတဲ့သူပါ။”

” ကစားပွဲတပွဲမှာ သူ ပါဝင်ကစားတယ်။ အသင်းကစားပုံက တခုခုလိုနေတယ်။ ဘယ်အရာလဲ ကျွန်တော်တို့က လက်ညှိုးထိုး မပြောနိုင်ဖူးပေါ့၊ ဒါပေမယ့် မန်နေဂျာ ရပ်နက်က ဘယ်ခြမ်းအားပျော့ နေတယ်လို့ခံစားရတဲ့အခါ ဂါရတ်ကို ဘယ်ခြမ်း ပြောင်းကစားစေတယ်။”

” သိပ်မကြာပါဖူး။ ပြသနာကို ဖြေရှင်းပြီးသား ဖြစ်သွားပြီး အသင်းကစားပုံ ကောင်းမွန်လာခဲ့တယ်။ တကယ်တမ်းပြောရရင် သူနောက်တန်းကို ဆင်းကစားတဲ့ အခါမှာ ခရစ္စတီယာနိုကို နောက်ခံလူအဖြစ် ထည့်သွင်းကစားတဲ့ အတိုင်းပဲ။”

” ရက်သတ္တပတ် တခုလုံး တနင်္လာကနေ သောကြာနေ့အထိ လေ့ကျင့်လာခဲ့ရာကနေ စနေနေ့ တကယ့်ပြိုင်ပွဲထိ သူ့ရဲ့ ခြေစွမ်းက တသတ်မှတ်ထဲ အမြင့်ဆုံးမှာပဲ။ ဂါရတ်တယောက်တော့တင်ဟမ်ကို ပြန်ရောက်လာတဲ့အတွက် အရမ်းကို ဝမ်းသာတယ်။” ဆိုပြီး ပီတာခရော့က ဆိုသွားခဲ့ပါတယ်။

ဂါရတ်ဘေးဟာ ရီးရဲမက်ဒရစ်ကို မပြောင်းရွှေ့ခင် စပါးအသင်းအတွက် ၅၅ ဂိုးသွင်းယူပေးထားတဲ့ ကစားသမားပါ။ သူဟာ စပိန်မြေမှာ အောင်မြင်တဲ့ လမ်းကြောင်းပေါ် တည်ဆောက်နိုင်ခဲ့ပြီး ဂိုးပေါင်း ၁၀၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ရီးရဲ မက်ဒရစ် အသင်းအတွက် လာလီဂါဖလား ၂ ကြိမ်၊ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အပါဝင် အဓိက ဆုဖလား ၁၃ ကြိမ်ထိ ရယူထားတဲ့ အောင်မြင်မှုများနဲ့ လူသားတယောက် ဖြစ်ပါတယ်။