ရော်နယ်ဒိုကို ပွဲတိုင်းမသုံးဘူးလို့ ပီယာလို ထုတ်ဖော်ပြောဆို

ဂျူဗင်တပ်စ် အသင်းရဲ့ နည်းပြသစ် ပီယာလိုကတော့ သူ့အနေနဲ့ အဓိက တိုက်စစ်မှုး ခရစ်တီယာနို ရော်နယ်ဒို အပေါ် အလွန်အကျွံမှီခိုတာ မျိုး ပြုလုပ်မှာမဟုတ်ပဲ အသက်အရွယ်အရပေါ်တူဂီသားက အနားယူရမယ့်အချိန်တွေရှိလာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ပီယာလို နည်းပြအသစ် အဖြစ်ဘတာဝန်ယူချိန်ကစပြီး ရော်နယ်ဒို က ယူဗင်တပ်စ် အသင်းရဲ့ နည်းပြ၊ဘုတ်အဖွဲ့တွေနဲ့ ဆက်တိုက် ဆိုသလိုတွေ့ဆုံမှု့တွေရှိနေပြီး အသင်းရဲ့အလားလာ နဲ့ ရည်မှန်းချက်တွေအပေါ် စဉ်ဆက်မပြတ် ပါဝင် ဂရုစိုက်နေသူလည်းဖြစ်ပါတယ်။

အထူးသဖြင့် ယခုရာသီသစ်မှာ အောင်မြင်မှု့ဆုတံဆိပ်တွေဆွတ်ခူးပြီး ဘလွန်းဒီအော်ဆု ပြန်လည်ရရှိဖို့ ကြိူးပမ်းလိုနေတဲ့ ရော်နယ်ဒို အနေနဲ့ ယူဗင်တပ်စ် အသင်းရဲ့ အခြေနေကို မျက်ခြေမပြတ်အကဲခတ်နေရာက နည်းပြချုပ်ဖြစ်လာတဲ့ ပီယာလို ရဲ့ သတိပေးမှု့ကိုခံလာရတာလည်းဖြစ်ပါတယ်။
ပီယာလိုက”သိပ်အရေးမကြီးပွဲတွေဆိုရင် သူ့ကို အနားပေးသွားမှာပါ။သူ့ကိုဘယ်လိုအသုံးချရမလည်းဆိုတာနဲ့ပက်သက်ပြီး ကျနေယ်တို့ ဆွေးနွေးခဲ့ကြသလို အခုဆိုရင် ဆွေးနွေးမှု့ကပြီးဆုံးခဲ့ပါပြီ။ကျနော်တို့ သူ့ကိုပွဲဆက်အသုံးပြုနေလည်း သူကပင်ပန်းမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကျတော်တို့အနားပေးဖို့တော့ အမှန်တကယ် လိုအပ်ပါတယ်။အရေးမကြီးတဲ့အနေထားတွေမှာ သူ့ကိုစွန့်စားပြီး သူံးဖို့မလိုအပ်ဘူးလေ။သူကသိပ်ကို ထက်မြက်တဲ့ဘကစားသမား ဖြစ်သလို သူ့ကြံခိုင်မှု့ကို ထိန်းသိမ်းတဲ့အချက်နဲ့ပက်သက်ရင် အတော်လေး ဂရုစိုက်တဲ့ ကစားသမားပါ။ဒီတော့သူကလည်း ဘယ်အချိန် နားရမယ်၊ဘယ်အချိန် ကန်သင့်တယ်ဆိုတာ သူသိနေပါတယ်။

တစ်ခါတစ်ရံမှာလည်း သူကစားချင်တဲ့ဆန္ဒရှိတဲ့ အခါ ကျနော်အနားပေးလိုပေမယ့် ကစားရတာတွေ ရှိမှာပါပဲ”လို့ဆိုပါတယ်။ ရော်နယ်ဒို က လက်ရှိမှာ ဒိုင်ဘာလား ကို နောက်ချန်တိုက်စစ်အဖြစ် ကစားစေလိုပြီး သူ့အတွက် တွဲဖက်တိုက်စစ်မှုးတစ်ဦးခေါ်ယူပေးဖို့ ယူဗင်တပ်စ် အသင်းကိုတောင်းဆိုထားပါတယ်။ ယူဗင်တပ်စ် အသင်းက ဟီဂွာအင် ကို အင်တာမိုင်ယာမီ ထံကြောင့်ဘအထောင်တိုက်စစ်မှုးနေရာကိုရှာဖွေနေပြီး ရိုးမား ရဲ့ ဇက်ကို နဲ့ ဘာစီ ရဲ့ ဆွာရက်ဇ် တို့ကို ဆုံးရှုံးထားပြီးနောက် လက်ရှ်ိမှာ အေတီကို ရဲ့ မိုရာတာ ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။မိုရာတာအတွက် ပထမရာသီအငှားခေါ်ယူမှု့ အဖြစ် ယူရို(၁၀)သန်း ပေးချေကာ လာမယ့်ရာသီမှာ ယူရို (၄၃)သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ အေတီကို နဲ့ ဂျူဗင်တပ်စ် အသင်းတို့ကြား ဆွေးနွေးလျက်ရှိနေပါတယ်။