စူပါဆန်းဒေး ပွဲကြီးပွဲကောင်း ရလဒ်များနဲ့ နောက်ဆုံး သတင်းများ

၁။ယမန်နေ့ညပိုင်းက ကစားခဲ့သော ဆောက်သင်တမ် အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာ ဟယ်ရီကိန်းနဲ့ ဆွန်ယောင်မင်တို့ ခြေစွမ်းပြပြီး ၅-၂ ဂိုးနဲ့ စပါးအသင်းက ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

စပါးအသင်းအတွက် ဆွန်ယောင်မင် တဦးထဲက လေးဂိုးသွင်းပေးခဲ့ပြီး ဟယ်ရီကိန်းက လေးဂိုးဖန်တီး တဂိုးသွင်းယူပေးခဲ့ပါတယ်။

၂။ ယခုတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ ချဲဆီးအသင်းနဲ့ လီပါပူးအသင်းတို့ ပွဲစဉ်မှာတော့ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ၄၅ မိနစ် နာကျင်အချိန်ပိုမှာ မာနေးကိုတားဆီးခဲ့တဲ့ ခရစ္စတန်ရှန် အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရခြင်းက ပွဲကို အလှည့်ပြောင်းဖြစ်စေခဲ့ပါတယ်။

ကစားသမား တယောက်အသာနဲ့ လီပါပူးအသင်း ချဲဆီးကို ဖိကစားသွားခဲပြီး ဒုတိယပိုင်းအစမှာ နာမည်ကျော် ဆာလက်၊ဖာမင်နို တွဲလုံးကနေ မာနေးက အလန်းစား ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းပါတယ်။

အဲ့ဒီနောက် သိပ်မကြာခင်မှာတော့ မာနေးကပဲ ကီပါရဲ့ အမှားကတဆင့် ဒုတိယဂိုးသွင်းပြီး ၂ ပွဲဆက် အနိုင်ဂစေခဲ့ပါတယ်။ချဲဆီးအသင်း ပင်နယ်တီအခွင့်ရေးရခဲ့သေးပေမယ့် ဂျော်ဂျင်ဟိုရဲ့ ကန်ချက်ကို အလီဆွန်က ကာကွယ်နိုင်ခဲ့တာကြောင့် ချဲဆီးတို့ နစ်နာခဲ့ရတယ်လို့ ဆိုရပါမယ်။

၃။ ပရီးမီးယားလိဂ် ပွဲစဉ်တပွဲဖြစ်တဲ့ လက်စတာနဲ့ ဘန်လေပွဲစဉ်မှာ လက်စတာ အသင်းက ၄-၂ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပါတယ်။

၄။ ယခုတပတ် ပြန်လည်စတင်တဲ့ စီးရီးအေ ပွဲစဉ်မှာတော့ နည်းပြသစ် ပီယာလို ကိုင်တွယ်တဲ့ ဂျူဗင်တပ် အသင်းက ဆမ်ဒိုးရီးယားအသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဂျူဗင်တပ်အတွက် ဂိုးတွေကိုတော့ ကူလူဆက်စကီ၊ဘိုနုချီနဲ့ ရော်နယ်ဒိုတို့ သွင်းယူပေးခဲ့ပါတယ်။

လီဂါ ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ် အသင်းက ဆိုစီဒက် အသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးခဲ့ပါတယ်။

၆။ ယမန်နေ့ညက ချဲဆီးနဲ့ပွဲမှာ ဒုတိယပိုင်း ၄၅ မိနစ်မှာမှ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပေးပို့မှု ၇၅ ကြိမ် အောင်မြင်ခဲ့တဲ့ တီယာဂို အယ်ကန်တာရာရဲ့ ခြေစွမ်းဟာ ပြိုင်ဖက် ချဲဆီးအသင်းသားတိုင်းထက် သာလွန်ခဲ့တယ်လို့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

၇။ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဗီဒယ်တယောက် အင်တာမီလန်းကို ပြောင်းရွှေ့ဖို့အတွက် ယနေ့ ဆေးစစ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

၈။ယမန်နေ့ညက ချဲဆီးနဲ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ မာနေးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ အာဆင်နယ်နဲ့ ချဲဆီးကစားသမားဟောင်း ဖာဘရီဂတ်က ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

၉။ စပါးအသင်းဟာ ယူနိုက်တက်အသင်းမှ လင်ဂတ်ကို ခေါ်ယူဖို့ကြိုးပမ်းနေပြီး ခြေစွမ်းကျဆင်းနေတဲ့ ဒါလေ အလီကိုတော့ ရောင်းချဖွယ် ရှိနေပါတယ်။ ဒါလေ အလီကို ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းက စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

၁၀။ ကိုဗစ်ရောဂါကြောင့် နိုင်ငံကူးလက်မှတ် ရရှိဖို့ ခက်ခဲတဲ့ ပြသနာကြောင့် ဂျူဗင်တပ်အသင်းအနေနဲ့ ဘာစီလိုနာ တိုက်စစ်မှုး ဆွာရက်ဇ်ကို ခေါ်မယ့် အစီစဉ်ကို လက်လျော့လိုက်ပြီလို့ အသင်းဥက္ကဌက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။