ကီပါ့အပေါ် စိတ်မကောင်းဖြစ်နေတဲ့ လီပါပူလ်းဂန္ဓဝင် ကာရေဂါ

တနင်္ဂနွေညက ချလ်ဆီးတို့၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးလက်ဆောင်ပေးခဲ့တဲ့ ချဲဆီးအသင်းရဲ့ ဦးစားပေး ဂိုးသမား ကီပါကို စာနာမိတယ်လို့ လီပါပူလ်း နောက်ခံလူဟောင်းကြီး ကာရေဂါက ပြောဆိုခဲ့ပါတယ်။

ဆာဂျီယိုမာနေးရဲ့ ရုန်းအားတွေကြောင့် ကြိုးကြာနီတို့အနေနဲ့ တစ်ပွဲလုံးစိုးမိုးထားနိူင်ခဲ့ပြီး ချဲဆီးအသင်းကို သက်သောင့်သက်သာ အနိူင်ရခဲ့တာပါ။မာနေးအနေနဲ့ ဒုတိယဂိုးအတွက် ကီပါကို မနားတမ်း ဖိအားပေးပြီး ကီပါရဲ့ရှင်းထုတ်ပုံမသေသပ်မှုကနဆင့် လျှင်မြန်မှုနဲ့ ဂိုးသွင်းယူပါတယ်။

ချဲဆီးအသင်းအနေနဲ့ ရန်းနက်စ်ဂိုးသမားမန်ဒီကို ခေါ်ယူဖို့နီးစပ်နေချိန်မှာ ကီပါအနေနဲ့ သူ့ရဲ့မှတ်တမ်းမှာ ထပ်မံအမဲစက် စွန်းထင်းခဲ့ရတာဖြစ်ပါတယ်။

စပိန်သား ဂိုးသမား ကီပါ အပေါ်ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ကာရေဂါကတော့ ဒါက တဒင်္ဂအမှားလေးတစ်ခုသာဖြစ်ပြ ကီပါ့အပေါ် နားလည်တယ်လို့ဆိုလိုက်တာပါ။

“လီပါပူလ်းတို့က ဒုတိယပိုင်းမှာ ချလ်ဆီးကွင်းလည်ကို လည်ပင်းညှစ်ထားသလိုပိတ်ဆို့ကစားနိူင်ခဲ့ကြပြီး ဒုတိယဂိုးက သက်သေပါပဲ။ သူတို့ ကမ္ဘာအကောင်းဆုံး ကစားသမားတွေဖြစ်နေတာက ဒီလိုတစ်ရာရာခိုင်းနှုန်းပေးဆပ်ပြီး ဖိအားပေးကစားကြလို့ပါ” လို့ ကာရေဂါက စကိုင်းစပေါ့ရုပ်သံကိုပြောခဲ့တာပါ။

“ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် မင်းအနေနဲ့ ခက်ခဲတဲ့ကာလတွေကြုံရစမြဲပဲ။ ကီပါအတွက်လည်း စိတ်မကောင်းဖြစ်မိမှာပါ၊ခုချိန်မှာ ဂိုးသမားအသစ်ကိုလည်း ချိတ်ဆတ်နေတာကြောင့် ဂိုးသမားနေရာအတွက်တော့ ပြောစရာလိုမယ်မထင်ဘူး”

“သူအတွက်တကယ်ကို ခက်ခဲမှာပါ။ ကြမ်းတမ်းတဲ့ကာလတွေပေါ့။ ကျနော်တို့အလုပ်က ဝေဖန်ရမှာဖြစ်ပေမယ့် ကျနော့် ကစားသမားဘဝအစက ဒီလိုအခြေအနေမျိုးတွေကို သတိရမိပါတယ်။ဒါကခံစားလို့မကောင်းဘူး။ ဒီအချိန်မှာကီပါတော့ အိမ်မက်ဆိုးတွေကြား ရုန်းကန်နေရမှာပါ” လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ဂျေမီရပ်နက်ကတော့ ဒီလိုဖိအားပေးကစားဟန်မှာ ကီပါကို အမှားအယွင်းဖြစ်စေခဲ့တဲ့ မာနေးကို အထူးချီးကျူးသွားခဲ့ပါတယ်။

“ဘောလုံးကို အသဲအသန် ပြန်ယူခဲ့ပြီး သွင်းခဲ့တဲ့ ဒုတိယဂိုးအတွက်တော့ မာနေးက တကယ်ကိုချီးကျူးစရာပါ။သူရဲ့ကြိုးစားအားထုတ်မှုတွေက ကစားသမားတိုင်းအတွက်ဥပမာကောင်းပဲ။ ခေတ်သစ်ဘောလုံးရပ်ဝန်းမှာ ဘာမှအချောင်မရဘူး” လို့ရပ်နက်ကပြောဆိုခဲ့ပါတယ်။

ဂိုးသမားနဲ့ ယုံကြည်မှုဟာ တိုက်ရိုက်အချိုးကျပါတယ်။ယုံကြည်မှု ပျောက်ဆုံးနေတဲ့ ကီပါအနေနဲ့ အမှားတွေသာ ဆက်တိုက်ဆိုသလို ကျူးလွန်နေတယ်လို့ ဆိုရမှာပါ။

အချိန်တစ်ခုမှာ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ရင်း တစ်ချိန်က ကီပါ ပြန်လာနိုင်မလား ဆိုတာကတော့။