သန်း ၂၀၀ ကျော်သုံးလည်း မန်စီးတီးနဲ့လီဗာပူးလ်ကို လမ်းပတ်မမီဘူးဆိုတဲ့ ခရော့ချ်

ပရီးမီးယားလိဂ် ဝါရင့်တိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ ပီတာခရောချ့်က ချဲလ်ဆိး အသင်းဟာ နွေရာသီ အပြောင်းရွှေ့အတွက် ပေါင်သန်း၂၀၀ ကျေယ် အသုံးပြုပြီးဖြစ်တာကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုသာ အဓိကယှဉ်ပြိုင်ရမယ်လို့သတိပေးလိုက်ပါတယ်။

ချဲလ်ဆီး အသင်းဟာ ယခုလက်ရှိအထိ ကစားသမား (၆)ဦးခေါ်ယူထားပြီး ဂိုးသမား တစ်ဦးအပါဝင် ကွင်းလယ် ကစားသမား တစ်ဦးထပ်မံခေါ်ယူလိုနေပြီး စံချိန်တင်ပြောင်းရွှေ့‌ကြေးအသုံးစားရိတ်နဲ့အတူ လာမယ့်ရာသီသစ်အတွက် အကောင်းဆူံး ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ကစားသမားသစ်များစွာနဲ့အတူ ရာသီသစ်စတင်မယ့် ချဲလ်ဆီးအနေနဲ့ လီဗာပူးလ်၊မန်စီးတီး တို့ကို ဒီရာသီမှာ သေချာပေါက်ဖိအားပေးနိုင်မှသာ လမ်းပတ်ရဲ့အသင်းက အောင်မြင်တဲ့ရာသီဖြစ်လိ့မ်မယ်လို့လည်းသတိပေးခဲ့တာဖြစ်ပါတယ်။
ခရောခ်ျ့က”ချဲလ်ဆီးရဲ့အပြောင်းရွှေ့တွေအပေါ်မှာအတော်လေး စိတ်လှုပ်ရှားမိပါတယ်။ဒီရာသီအတွက် ကျနော် ဘယ်အသင်းကိုစောင့်ကြည့်ဖြစ်မလည်းလို့မေးလာရင် ဇီယျခ်ျ၊ဟာဗက်ဇ်၊ချေးလ်ဝဲလ်၊ဆေးလ်ဗား၊ဝါနာ တို့နဲ့ ချဲလ်ဆီးပါပဲ။ဒီအစုအဖွဲ့မှာဆိုရင် ဝါနာနဲ့ပက်သက်ပြီူ အတော်လေး စိတ်ဝင်စားမိတာအသေချာပါပဲ။

ချဲလ်ဆီးကပြီးခဲ့တဲ့ရာသီထက်ပိုကောင်းလာမယ်ဆိုတာ ယုံမှားစရာမရှိသလို သူတိူ့က ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီထက်ပိုကောင်းတဲ့အဆင့်တန်းမှာရပ်တည်နိုင်မယ်ဆိုတာ အသေချာပါပဲ။သူတို့ရဲ့ယနေ့ညကစားမယ့် ဘရိုက်တန်နဲ့ပွဲအတွက်တော့ မစောင့်‌နိုင်အောင် ဖြစ်နေတာ အသေချာပါပဲ”
“ဒါပေမယ့်သူတို့အနေနဲ့ ဒီရာသီမှာ ချက်ချင်းကြီး လီဗာပူးလ်ကိုမန်စီးတီးကိုဖိအားပေးနိုင်မလားဆိုတာတော့မသေချာပါဘူး။ကျနော်တို့က ပရီးမီးယားလိဂ်သမိုင်းရဲ့အကောင်းဆုံးအသင်းတွေထဲကနှစ်သင်းရဲ့ ခေတ်ကိုရောက်နေတာမဟုတ်လား။ဒီအချိန်မှာ သူတို့ကိုကျော်ဖြတ်ပြီးဖလားယူဖို့ကမလွယ်ပေမယ့် ချဲလ်ဆီးရဲ့ အသူံပြုစားရိတ်အရတော့ လမ်းပတ်အနေနဲ့ ဖလားကို သေချာပေါက်ဖိအားပေးနိုငိဖိူ့လိုပါလိမ့်မယ်။” လို့ဆိုပါတယ်။