အဖွင့်ပွဲစဉ်အနိုင်ရအပြီးမှာလီဗာပူးလ်ကိုသတိထားနေ‌တော့လို့ပြောလိုက်တဲ့လမ်းပတ်

ချယ်လ်ဆီး အသင်းနည်းပြ လမ်းပတ်က ဘရိုက်တန် အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ချယ်လ်ဆီး အသင်းဟာ လီဗာပူးလ်အသင်းကို စိန်ခေါ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ ချယ်လ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ကစားသမားသစ်တွေဖြစ်တဲ့ တီမိုဝါနာ နဲ့ ဟားဗတ်စ် တို့ဝင်ရောက်ကစားခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းအတွက်ဂိုးတွေကို ဂျော်ဂျင်ဟို၊ရီစီဂျိမ်းစ် နဲ့ဇူးမား တို့ကသွင်းယူခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းအတွက်ချေပဂိုးကို ထရိုဆက် က သွင်းယူခဲ့တာပါ။ချယ်လ်ဆီး အသင်းဟာ အခုအပြောင်းအရွှေ့မှာကစားသမားအများအပြားခေါ်ယူထားပြီး ပေါင်သန်း(၂၀၀)ကျော်သုံးစွဲထားတာဖြစ်ပါတယ်။ဒီနှစ်ရာသီမှာတော့ ချယ်လ်ဆီး အသင်းဟာ အောင်မြင်မှုတွေရယူနိုင်ဖို့ရည်မှန်းထားပြီး အသင်းကို ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့်(၄)နေရာမှာရပ်တည်ခဲ့ပြီး ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ (၃၃)မှတ်ကွာဟခဲ့တာလည်းဖြစ်ပါတယ်။လမ်းပတ်ကတော့ အခုနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ် အသင်းကို စိန်ခေါ်နိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

လမ်းပတ် က “ကျွန်တော်တို့ဟာ လီဗာပူးလ်နဲ့ ကွာဟချက်ကိုသေချာပေါက်နီးအောင်လုပ်မှာပါ။ပရီးမီးယားလိဂ်ဖလားရဖို့က ကြီးမားတဲ့တောင်းဆိုမှုဖြစ်နိုင်ပေမယ့် ဒီနေရာမှာရှိနေဖို့ကိုလိုပါတယ်။ကျွန်တော်တို့ဟာ အနောက်ကနေ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းသွားမှာပါ။

ကျွန်တော်တို့ဟာ ကြီးမားတဲ့ခြေလှမ်းတွေလှမ်းနိုင်မယ်ဆိုတာမျှော်လင့်တယ်”လို့လည်း ဆိုသွားခဲ့ပါတယ်။ချယ်လ်ဆီးနဲ့လီဗာပူးလ် အသင်းတို့ဟာ အခုတစ်ပတ်ထဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။