ဂျုဗင်တပ်စ်အသင်းကချိန်နေတဲ့ပစ်မှတ်ကိုကြားဖြတ်ခုတ်ဖို့လုပ်နေတဲ့အင်တာမီလန်

အင်တာမီလန် အသင်းနည်းပြ ကွန်တီ ဟာ ချယ်လ်ဆီး အသင်းတိုက်စစ်မှုး ဂီရောဒ့် ကိုခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေပြုလုပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ Sky Italy သတင်းမှာဖော်ပြထားပါတယ်။အင်တာမီလန် အသင်းမှာ တိုက်စစ်မှုးတွေဖြစ်တဲ့ မာတီးနက်စ် နဲ့ လူကာကူ တို့(၂)ဦးရှိနေပေမယ့် အရန်အသင့်တိုက်စစ်မှုးတစ်ဦးထားဖို့အတွက် အခုအပြောင်းအရွှေ့မှာ ဂီရောဒ့်ကို ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှုးဟာ (၂၀၁၈)ဇန်နဝါရီက အာဆင်နယ် အသင်းကနေ ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး (၅၈)ပွဲပါဝင်ကစားကာ (၁၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဂီရောဒ့်ဟာ ချယ်လ်ဆီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းကတော့ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂီရောဒ့်ဟာ ကလပ်အသင်းတွေမှာ ပုံမှန်ပွဲထွက်ခွင့်မရရင်တောင် ပြင်သစ်လက်ရွေးစင်အသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ပြင်သစ်မှာတော့ ဂီရောဒ့် ဟာ (၉၉)ပွဲကစားပြီး ဂိုး(၄၀)သွင်းယူကာ လက်ရွေးစင်အသင်းရဲ့တတိယမြောက်ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေဝာာပါ။ ချယ်လ်ဆီး အသင်းဟာ လိုက်ပ်ဇစ် အသင်းက တီမိုဝါနာ ကို ခေါ်ယူထားသလို အေဘရာဟမ်ကလည်း ရှိနေတဲ့အတွက် ဂီရောဒ့်အနေနဲ့ ပွဲအနည်းငယ်သာ ကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် အင်တာမီလန် အသင်းက ဒီအခွင့်အရေးကို အရယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။အင်တာမီလန် အသင်းနည်းပြကွန်တီ ဟာ ပရီးမီးယားလိဂ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်နေတာဖြစ်ပြီး အသင်းမှာ ပရီးမီးယားလိဂ်ကခေါ်ယူထားတဲ့ကစားသမား(၅)ယောက်အထိရှိနေတာလည်းဖြစ်ပါတယ်။