မာဆေးလ်နောက်ခံလူအယ်လ်ဗာရိုကို မထိုးကြိတ်ခဲ့ရလို့ နောင်တရနေတဲ့ နေမာ


အသင်းအရေးနိမ့်နေချိန်ဖြစ်ပြီး ပွဲကစားချိန်နောက်ဆုံးမိနစ်မှာ အသင်းဖော်နဲ့ ပြိုင်ဘက်ကစားသမားကြား ဘောလုံးလုယူရာကတဆင့် အချင်းများခဲ့မှုမှာ နေမာလည်း ပါဝင်ခဲ့ပါတယ်။ စုစုပေါင်း ကစားသမား ၅ ဦးအထိ ကွင်းလယ်ဒိုင်က ထုတ်ပယ်ခဲ့ရာမှာ နေမာက တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး စပိန်နောက်ခံလူအယ်လ်ဗာရိုနဲ့ ထိပ်တိုက်တွေ့ခဲ့တာလည်းဖြစ်ပါတယ်။
အယ်လ်ဗာရိုဟာ ပရီဒက်စ်နဲ့ အပြန်အလှန်အချင်းများနေခဲ့ပြီး နေမာက အယ်လ်ဗာရိုရဲ့ နောက်စေ့ကို လက်သီးဆုပ်ကာ ထုနှက်ခဲ့တာလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ နေမာက သူ့ရဲ့တွစ်တာကတဆင့် “အဲဒီကောင်ရဲ့ ကျက်သရေမရှိတဲ့မျက်ခွက်ကို မထိုးခဲ့ရတာကိုပဲ ငါ နောင်တရမိတယ်” လို့ ရေးသားသွားခဲ့ပါတယ်။ အနီကတ်ပြထုတ်ပယ်ခံရမှုက သူ့အတွက်မထိုက်တန်ဘူးလို့ နေမာက ခံစားနေရပြီး အယ်လ်ဗာရိုကို ကိုယ်ထိလက်ရောက် ပြုလုပ်ဖို့အထိကို နေမာက ဒေါသထွက်နေပုံရကာ ပွဲအပြီးမှာ ချက်ချင်းပဲ ရေးသားပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နေမာကို အယ်လ်ဗာရိုက လူမျိုးရေးခွဲခြားစော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံနေရပါတယ်။ အနီကတ်ပြခံရပြီးနောက် ထွက်ခွာခဲ့ချိန်မှာ စတုတ္ထဒိုင်ဖြစ်သူကို နေမာက စောဒကတက်ခဲ့ရာမှာ ပြောဆိုခဲ့တယ်လို့ ယူဆရပြီး အဆိုပါအကြောင်းအရာတွေလည်း ဖြေရှင်းရဖွယ်ရှိနေကာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် နောက်တစ်ကြိမ်စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြီဖြစ်ပါတယ်။