လိုချင်တဲ့ကစားသမားကိုရဖို့ပြိုင်ဘက်ကိုကြက်ဥ‌ရောနွားနို့ပါတိုက်ဖို့လုပ်နေတဲ့ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းဟာ ဝက်စ်ဟမ်းအသင်းကစားသမား ဒီကလန်ရိုက်စ် ကိုခေါ်ယူဖို့ပြောင်းရွှေ့ကြေးအပြင် ဘာကလေ ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့သတင်းတွေမှာ ဖော်ပြထားပါတယ်။ချယ်လ်ဆီး အသင်းဟာ အခုအပြောင်းအရွှေ့စထဲက ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ကြီးမားတဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းကလည်း သူတို့ရဲ့ကစားသမားကို ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)ဝန်းကျင်သတ်မှတ်ထားတာဖြစ်ပါတယ်။အသင်းအများအပြားဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့ဘဏ္ဍာရေးထိခိုက်ခဲ့တဲ့အတွက် အခုအပြောင်းအရွှေ့မှာ ငွေကြေးအရမ်းကြီးမသုံးစွဲနိုင်တာဖြစ်ပါတယ်။ဒါပေမယ့် ချယ်လ်ဆီး အသင်းကတော့ ငွေကြေးအများအပြားသုံးပြီး အသင်းကို ပြင်ဆင်နေတာပါ။

ချယ်လ်ဆီး အသင်းဟာ အခုအပြောင်းအရွှေ့မှာ တီမိုဝါနာ၊ဇီယက်၊သီယာဂိုဆေးလ်ဗား၊ဘန်ချီဝယ်လ်၊ဟာဗတ်စ် နဲ့မာလန်းဆား တို့ကိုခေါ်ထားပြီး မာလန်းဆားကိုတော့ အငှားပြန်ချထားတာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ အပြောင်းအရွှေ့တွေဆက်လက်လှုပ်ရှားနေပြီး ရီးနတ်စ်ဂိုးသမား မန်ဒီ နဲ့ ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် ကိုပါ ချိတ်ဆက်နေတာဖြစ်ပါတယ်။

Football Insider ရဲ့အဆိုအရ ချယ်လ်ဆီး အသင်းဟာ ဒီကလန်ရိုက်စ် ကိုခေါ်ယူဖို့ ဘာကလေကိုပါ အပြောင်းအရွှေ့အစိတ်အပိုင်းအနေနဲ့ ကမ်းလှမ်းခဲ့တယ်လို့ဆိုထားတာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ဘာကလေ ကိုပေါင်သန်း(၃၀)သတ်မှတ်ထားတာဖြစ်တာကြောင့် ဒီကလန်ရိုက်စ် ကို ပေါင်သန်း(၄၀)ကျော်နဲ့ ခေါ်ယူနိုင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။