မန်စီးတီး ကစားသမားကို အံအားသင့်ဖွယ် ခေါ်ယူနိုင်တဲ့ ဇီဒန်း

ရီးရဲလ်မက်ဒရစ် အသင်းက ကစားသမားများစွာကိုရှင်းထုတ်နေတဲ့ တစ်ပြိုင်နက်ထဲမှာပဲ ပြန်လည်ခေါ်ယူဖို့ပြင်ဆငိနေပြီး ယခုရာသီအတွင်း ရေတိုကုစားမှု့အနေနဲ့ မန်စီးတီး တောင်ပံကစားသမား ရီယဒ်မာရက်ဇ် ကို အံအားသင့်ဖွယ်ခေါ်ယူနိုင်ချေရှိနေပါတယ်။
ဇီဒန်း က ညာခြမ်း တိုက်စစ်ကို ပြန်လည်ပြင်ဆင်လိုပြီး ဟာဇဒ် ရှိနေမယ့် ဘယ်ခြမ်း တိုက်စစ်အတွက် ဝန်ပိုဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းဖို့ မာရက်ဇ် ရဲ့ အတိုးလှုပ်တွေ က ကူညီနိုင်မယ်လို့ ယူဆထားပြီး မန်စီးတီး အသင်းအနေနဲ့တော့ အသင်းမှာ စတားလင်း၊ဘနာဒိုဆေးလ်ဗား တို့နောက် အရံခုံထိုင်နေရတဲ့ မာရက်ဇ် ကို ခက်ခက်ခဲခဲထိန်းသိမ်းရဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနွေရာသီမှာပဲ အားထားရမယ့် ညာနောက်ခံလူဖြစ်လာမယ့် ဟာကီမီ ကို အင်တာမီလန် အသင်းထံ ယူရိုသန်း(၄၀) နဲ့ရောင်းချခဲ့သလို ကားဘလိုစ့်ကိုလည်း အာဆင်နယ်အသင်းထံပြန်လည်အငှားချခဲ့ပါတယ်။ အသင်းမှာပိုလျှံနေတဲ့ ရိုဒရီဂွတ်ဇ် ကို အဲဗာတန် ထံ ရောင်းချထားသလို ဘေးလ် ကိုလည်း လစာစိုက်ပြီး ၂၂သန်း နဲ့ ဈေးလျှော့ပထုတ်လိုနေတာကြောင့် ဘာနေဗြူး ဟာ နေရာလွတ်များစွာ ဖြစ်ပေါ်လာနိုင်ပြီး ဒီနေရာအတွက် ဇီဒန်းက ပြန်လည်အစားထိုးလိုနေတာလည်းဖြစ်ပါတယ်။ လက်စတာစီးတီး ကစားသမားဟောင်းလည်းဖြစ်ပြီး ပရီးမီးယားလိဂ် နှစ်ကြိမ်တိုင် ရရှိဖူးတဲ့ မာရက်ဇ် က ညာတောင်ပံမှာ ညက်ညောစွာ ကစားတတ်သူဖြစ်ပြီး ဂိုးဖန်တီးမှု့နဲ့ ဂိုးသွင်းစွမ်းရည်မြင့်မားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် က မာရက်ဇ် ကို အဓိက ကျတဲ့ ကစားသမားအဖြစ် ခေါ်ယူလိုတာမဟုတ်ပေမယ့်လည်း မန်စီးတီးမှာ အရံခုံထိုင်နေရတဲ့ မာရက်ဇ် အတွက်တော့ လောစ့်ဘလန့်ကိုစ့် မှာ ကမ္ဘာကျော်တွေနဲ့ သွားရောက်ပူးပေါင်းပြီး ရီးရဲလ်မက်ဒရစ် သမိုင်းမှာ ကစားသမားအဖြစ် ဖော်ပြခဲ့ရမယ့်အခွင့်အရေးက တစ်သက်မှာ တစ်ခါပဲရနိင်တဲ့အခွင့်အရေးဖြစ်လို့ ဇီဒန်းဖက်ကသာ လှုပ်ရှားလာခဲ့ရင် ဂွာဒီယိုလာတစ်ယောက် သေချာပေါက်အခက်တွေ့နိုင်ပါလိမ့်မယ်။သို့ပေမယ့်လည်း မန်စီးတီးအနေနဲ့ ခေါ်ယူခဲ့စဉ်ကပေးချေခဲ့ရတဲ့ ပေါင် သန်း၆၀ထက် တော့ လျှော့ချပြီး ရောင်းချစရာမရှိပဲ ရီးရဲလ်ကသာအလိုရှိမယ်ဆိုရင် ပေါင်သန်း ၇၀ နီးပါးပေး ဝယ်ယူရနိုင်ပါတယ်။