သားသမီးတွေကြောင့် ချက်ပြုတ်ဖန်တီးထားတဲ့ဟင်းလျာတွေကို အင်တာနက်ပေါ်မှာတင်ရင်း နာမည်ကြီးလာခဲ့တဲ့ အိမ်ထောင်ရှင်မ

ဘယ်ဂျီယံနိုင်ငံမှာနေထိုင်တဲ့ Jolanda Stokkermans အမည်ရှိတဲ့ အိမ်ထောင်ရှင်အမျိုးသမီးဟာ Koersel ရွာငယ်လေးမှာ သူမရဲ့ကလေးငယ်နှစ်ယောက် ၊ ခွေးငယ်လေးနှစ်ကောင်တို့နှင့်အတူ နေထိုင်နေလျက်ရှိပါတယ် ။

သူမရဲ့အကျွမ်းကျင်ဆုံးအလုပ်အကိုင်ကတော့ ဟင်းလျာတွေကို ပုံဖော်အလှဆင်ဖန်တီးတာပါပဲ ။

ပြီးခဲ့တဲ့နှစ်ကစပြီး သူမဟာလွယ်ကူရိုးရှင်းတဲ့ဟင်းလျာတွေကိုစပြီးပုံဖော်ဖန်တီးကာ ၎င်းတို့ကိုဓာတ်ပုံရိုက်ယူထားခဲ့ပါတယ် ။

နောက်ပိုင်းမှ ခက်ခဲတဲ့တိရစ္ဆာန်ပုံတွေ ၊ ပန်းပွင့်တွေ နဲ့ သရုပ်ဆောင်တွေရဲ့ရုပ်ပုံတွေကို ဟင်လျာတွေနဲ့ဖန်တီးသရုပ်ဖော်ခဲ့တာပါ ။

သူမဖန်တီးသရုပ်ဖော်ထားတဲ့ ဟင်လျာတွေဟာအတော်လေးကို အသက်ဝင်ပြီးလှပလွန်းလို့ သူမရဲ့ကလေးငယ်တွေက ဟင်းလျာပုံတွေကို Instagram ပေါ်တင်ပြီဝေမျှဖို့အကြံပေးခဲ့ပါတယ် ။

သူမကလေးတွေရဲ့အကြံဉာဏ်ကို သူမလည်းလက်ခံပြီး Instagram ပေါ်ဝေမျှခဲ့ရာ ယခုဆိုရင် သူမဟာ Follower ပေါင်း 14,000 ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

သူမရဲ့ဟင်းလျာတွေကိုဖန်တီးဖို့ အချိန် 2-4 ခန့် ပေးရပေမဲ့လည်း ၊ သူမရဲ့ဟင်းလျာတွေကို စားသောက်ခဲ့ရင်လည်း သူမဟာလုံးဝမငြိုငြင်ကြောင်း ‘ စားသောက်ဖို့အတွက် ကျွန်မရည်ရွယ်ပြီးပြုလုပ်ခဲ့တာဖြစ်လို့ စားတဲ့အချိန်အားနာစရာမလိုပါဘူး ‘လို့ သူမကပြောဆိုခဲ့ပါတယ် ။

ယခုအချိန်မှာတော့ သူမဟာအလုပ်တော်တော်များများကိုလက်ခံထားပေမဲ့လည်း ၊ လောလောဆယ် ရောဂါအခြေအနေတွေကြောင့် သူမရဲ့ဟင်းလျာပုံတွေကို Calendar ပြက္ခဒိန်အတွက် ထုတ်ဝေပေးဖို့သာစီစဉ်ထားကြောင်း သိရှိရပါတယ် ။