ရော်နယ်ဒိုက ဘယ်လိုဂိုးမျိုးမဆို သွင်းယူနိုင်ပြီး အသက် (၄၀) အထိ ဘောလုံး ကစားနိုင်တယ်လို့ ပြောလိုက်တဲ့ ရိုင်ယန်ဂစ်

ရိုင်ယန်ဂစ်ကတော့ မန်ယူအသင်းမှာ ကစားခဲ့စဉ်က အသင်းဖော်တွေ ဖြစ်ခဲ့တဲ့ လက်ရှိ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘယ်လိုဂိုမျိုးမဆို သွင်းယူနိုင်ပြီး အသက် (၄၀) အထိ ဘောလုံး ကစားနိုင်ဦးမှာ ဖြစ်တယ်လို့ Goal သတင်းကို အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသက် (၃၅) နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် သူ့အသက် (၃၅) နှစ်က သူ့အတွက် ကိန်းဂဏန်းသက်သက်သာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ကမှ လက်ရွေးစင် သွင်းဂိုး (၁၀၁) ဂိုး သွင်းယူခဲ့တာကြောင့် ရိုင်ယန်ဂစ်က သူ့ကို အသက် (၄၀) အထိ ကစားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ရိုင်ယန်ဂစ်က “ရော်နယ်ဒိုက အသက် (၁၉)၊ (၂၀) မှာ ကစားခဲ့တဲ့ သူ မဟုတ်တော့ပေမယ့်လည်း သူက သူ့ရဲ့ ပွဲစဉ်တွေကို အံ့ဝင်ကျနေပါသေးတယ်။ သူက တောင်ပံကနေ နောက်တန်းတွေ ကျော်ပြီး ဂိုးတွေ သွင်းခဲ့တယ်။ လက်ရှိအချိန်အထိ သွင်းယူလာခဲ့တာက တကယ့် ဂိုးသွင်းကောင်းတဲ့ သူပါ”
“သူက ဘယ်လိုဂိုးမျိုးမဆို သွင်းနိုင်တယ်။ ခေါင်းတိုက်သွင်းနိုင်တယ်။ (၆) ကိုက်အတွင်းမှာလည်း သွင်းနိုငတယ်။ ဖရစ်ကစ်သွင်းနိုင်တယ်။ ဘယ်လိုဂိုးမဆို သွင်းနိုင်တယ်။ သူကတော့ ကျွန်တော် တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံး ပရော်နယ်ရှင်နယ်ပါပဲ။ သူ့ကိုယ်သူလည်းပဲ ဂရုစိုက်ပါတယ်”
“သူက လေ့ကျင့်ရေးဆင်းတဲ့ အချိန်မှာပဲ ဂရုစိုက်တာ မဟုတ်ဘဲ ကွင်းပြင်ပမှာလည်း ဂရုစိုက်တယ်။ သူ စားတာ နဲ့ သူ ပြုမှုတာကိုလည်း ဂရုစိုက်ပါတယ်။ ဒါကြောင့်လည်း သူ ဆက်ကစားနေဆဲ ဖြစ်ပြီး သူ့ရဲ့ ပွဲစဉ်တွေမှာ ထိပ်သီး အဆင့် ရှိနေသေးတာကို ကျွန်တော်ဖြင့် မအံ့သြတော့ပါဘူး”
“ကစားသမားတိုင်းက အဲဒီလို ဆာလောင်မှု ရှိရမယ်။ လေ့ကျင့်ရေးဆင်းဖို့ စိတ်ဆန္ဒပြင်းပြရမယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး မှန်ကန်စွာ စားရမယ်။ အရက်မသောက်ရ။ လုံလောက်စွာ အိပ်ရမယ်။ နောက်ပြီး ပျော်ရွင်ရမယ်။ ရော်နယ်ဒို၊ သူ့ကို ကြည့်မယ် ဆိုရင် သူက သူ့ကိုယ်သူ ဂရုစိုက်ဆဲပါ”
“ဒီတော့ တကယ်လို့ သူမှာသာ အဲဒီလို ဆာလောင်မှုတွေ ရှိနေသေးမယ်၊ ကျွန်တော် ပြောခဲ့တဲ့ စိတ်ဆန္ဒပြင်းပြမှု နဲ့ ပျော်ရွှင်မှုတွေ ရှိနေသေးမယ် ဆိုရင် သူက အသက် (၄၀) အရွယ်အထိကို ဘောလုံး ကစားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။