ကုန်းဘောင်ခေတ်ပြည်တန်ဆာလုပ်ငန်း (ခေါ်)ဖာဘိလုပ်ငန်းတရား၀င်ခွင့်ပြုပေးခဲ့ကြောင်းသမိုင်းအထောက်အထားများ

knowledge

#ကုန်းဘောင်ခေတ်ပြည့်တန်ဆာလုပ်ငန်း

ရှေးမြန်မာဘုရင်ခေတ်မှာ ပြည့်တန်ဆာလုပ်ငန်းက တရားဝင်ရှိခဲ့တယ်။ အနီးဆုံးကုန်းဘောင်ခေတ်ကိုပြောရရင် ပြည့်တန်ဆာအိမ်ဆိုတာ အထင်အရှားရှိသလို လူအများခွဲခြားလွယ်အောင်လဲ သတ်မှတ်ချက်တွေရှိပါတယ်။

ပြည့်တန်ဆာအိမ်ရဲ့မျက်နှာစာမှာ တပေပတ်လည် အဖြူအနီကြား တင်းတိမ်(လိုက်ကာ) ကိုချထားရတယ်။ ပြီးရင် ကွပ်ပျစ်ကုတင်ချပြီး အဲ့အပေါ်မှာ သနပ်ခါး၊ကျောက်ပျဉ်၊ ဘီး၊ မှန်တို့ကို ချထားရတယ်။ ပြည့်တန်ဆာတွေက အဲ့အပေါ်မှာ လူလုံးပြပြီး ပြင်ဆင်နေကြရတယ်။ နောက်ပြီး ဧည့်သည်အတွက် မြင်းချည်တိုင်တွေရှိကြရတယ်။

အရေးကြီးတဲ့အချက်က ဂဠုန်လက်သည်းပင်ကို မြင်သာအောင် များများလေးစိုက်ပြထားရတယ်။ အဲ့ဒီအပင်ကို ပြုတ်ပြီးအဖန်ရည်အဖြစ်သုံးပြီးဆေးကြောရတယ်။ အခုခေတ်လိုဆို ကာလသားပိုးမကူးအောင်အတွက် မဖြစ်မနေသုံးပြီးစိုက်ပြထားရတယ်လို့ဆိုရမယ်။

အဲ့ခေတ်က ဒီလိုအိမ်တွေရရှိရာအရပ်က မန္တလေးရဲ့အနောက်တောင်ဘက်က ချွန်းတောင်ဝင်းတို့၊ခြင်္သေ့ဦးတို့အရပ်ပဲဖြစ်ပါတယ်။

ကိုးကား ဂြီဓရ

Photo စစ်ကြိုခေတ် ဘိအိမ်ကပုံ

Credit Ye Htut Oo

Leave a Reply

Your email address will not be published. Required fields are marked *