တစခန်းရပ်ဖို့ နီးလာတဲ့ ဂါရတ်ဘေးနဲ့ ရီးရဲ မက်ဒရစ်

sports

ဂါရတ်ဘေးတယောက် ရီးရဲ အသင်းရဲ့ လေ့ကျင့်ရေး အစီစဉ်တွေမှာ ပြန်လည် ပူးပေါင်းနေပေမယ့် လာမယ့် ပွဲစဉ်တွေမှာ ပါဝင်ကစားဖို့ အခွင့်ရေး ရပါ့မလား မသဲကွဲဖူးလို့ ဂါရတ်ဘေးရဲ့ အသင်းဖော် ဖြစ်သူတယောက် ( အမည် မဖော်လိုသူ ) က ဆိုခဲ့ပါတယ်။

ဂါရတ်ဘေးရဲ့ လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်က ပြောစရာ မလိုအောင် ကောင်းမွန်နေပေမယ့် ပွဲထွက်ခွင့် ရဖို့ မသေချာသလို ဒီလို ကြံ့ခိုင်မှု အကောင်းဆုံးနဲ့ ခြေစွမ်း ပြနေချိန်မှာတောင် ပွဲထွက်ခွင့် ရမလာခဲ့ဖူးဆိုရင် ဂါရတ်ဘေးနဲ့ ရီးရဲ မက်ဒရစ်တို့ရဲ့ ဇာတ်လမ်း တစခမ်း ရပ်ချိန်တန်ပြီလို့ မှတ်ယူရမှာ ဖြစ်ကြောင်း အဆိုပါ ကစားသမားက ဆိုပါတယ်။

” အခုချိန်မှာမှ သူပွဲထွက်ခွင့် မရဖူးဆိုရင် ဘယ်အချိန် အသင်းနဲ့ အတူ ပြန်တွေ့ရမလဲ မပြောတတ်တော့ပါဖူး။” ဆိုပြီး ဂါရတ်ဘေးရဲ့ အသင်းဖော် ဖြစ်သူက ဆိုပါတယ်။

ဂါရတ်ဘေးကတော့ သူ့အနေနဲ့ ထွေထွေထူးထူး သက်သေပြစရာ မလိုအောင် ကောင်းမွန်တဲ့ ခြေစွမ်းမှာ ရှိနေတယ်လို့ ခံယူထားတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက် အဖြစ် ရှိနေဆဲဆိုတာ ပြဖို့ ဆန္ဒပြင်းပြ နေပြီး ကိုရိုနာ ဗိုင်းရပ် အလွန် ပြန်ကစားမယ့် အီဘာနဲ့ ပွဲမှာ ခြေစွမ်းပြခွင့် ရဖို့ မျှော်လင့် နေပါတယ်။

သို့ပါသော်လည်း ရီးရဲ မက်ဒရစ် အသင်းက တားဝင် သတင်း ထုတ်ပြန်တဲ့ လေ့ကျင့်ခန်း အစီစဉ်မှာ အဆိုပါ ဝေးလ် လက်ရွေးစင်ရဲ့ ပုံရိပ်တွေ ပျောက်ဆုံးနေပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် နည်းပြ ဇီဒန်းရဲ့ လက်ကျန် ခရီးကြမ်းမှာ ဂါရတ်ဘေး တယောက် နေရာရပါ့မလားဆိုတာ တွေးတော ဆရာဖြစ်နေတယ်လို့ ရီးရဲ မက်ဒရစ်နဲ့ ဂါရတ်ဘေးတို့ရဲ့ အခြေနေကို စောင့်ကြည့်နေတဲ့ သူတွေက ထောက်ပြပါတယ်။

တကယ်တမ်း ဂါရတ်ဘေးနဲ့ ရင်းနှီးတဲ့ သူတွေရဲ့ အဆိုအရတော့ ဒီဝေလ်လက်ရွေးစင်ဟာ စပိန်မြေမှာ ပျော်ရွှင်နေကြောင်း တခြား သူငါတွေလိုပဲ ဖိအား မရှိပဲ အကောင်းဆုံး ဖြတ်သန်းနေတယ်လို့ ဆိုကြပါတယ်၊

ဂါရတ်ဘေးနဲ့ လက်ရှိ ရီးရဲ နည်းပြ ဇီနဒင်း ဇီဒန်းနဲ့ကတော့ ပရော်ဖက်ရှင်နယ် ဆန်တဲ့ ဆက်ဆံရေးသာရှိပြီး ဒီ့ထက် ရင်းနှီးတဲ့ အတိုင်းတာ မရှိတာကတော့ သေချာပါတယ်။

ပြင်သစ်သား နည်းပြကြီး ဇီဒန်း တယောက် ပထမ အကြိမ် နည်းပြစဉ်က ချန်ပီယံ လိဂ်ဗိုလိလုပွဲမှာ အဖိုးတန် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ဂါရတ်ဘေး အပေါ် ဘာတွေ အမြင်စောင်းလို့ သူတို့ ၂ ယောက်ကြား ဆက်ဆံရေးက ဘာကြောင့် အေးစက်ခဲ့လဲဆိုတာ အခုချိန်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး ပဟေဌိ ဖြစ်လို့ နေပါတယ်။

ဂါရတ်ဘေးရဲ့ လစာနဲ့ ပြောင်းရွှေ့ကြေးကြောင့် ရီးရဲ အသင်း အနေနဲ့ ဆုပ်လဲစူး စားလဲရူး အခြေနေကို ရောက်နေတယ်လို့ သုံးသပ်ကြပေမယ့် တကယ်တမ်း ဂါရတ်ဘေးနဲ့ ရီးရဲရဲ့ အနေထား အရ နည်းပြ ဇီဒန်းပေါ်မှာသာ အလုံးစုံ မူတည်နေပါတယ်။

ဒါပေမယ့် ဂါရတ်ဘေးနဲ့ နည်းပြ ဇီဒန်းတို့ အကြား ဆက်ဆံရေးရဲ့ နောက်ဆုံး ကျည်ဆံ တခု အနေနဲ့ ယနေ့ဘ အီဘာအသင်းနဲ့ ပွဲစဉ်က စပြီး တခါးပိတ် ကျင်းပမယ့် လက်ကျန် ပွဲစဉ်၁၂ ပွဲဟာ ဂါရတ်ဘေးနဲ့ ရီးရဲ မက်ဒရစ်အသင်းတို့ရဲ့ အဆုံး အဖြတ်ကာလ ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကလည်း ခြေစွမ်းပိုင်းကို လက်ညှိုးထိုး အပြစ်ပြောစရာ မရှိခဲ့ပေမယ့် ရီးရဲ နည်းပြ ဇီဒန်းကတော့ ခါးခါးသီးသီး ဖြစ်နေပြီး ဂါရတ်ဘေးတယောက် တရုတ် ကလပ်ကို လွင့်စင်လု နီးနီး အထေား ရောက်ခဲ့ပါတယ်။

ဂါရတ်ဘေးလို ကစားသမား တယောက် အနေနဲ့ ခြေစွမ်းပိုင်း ကျန်သေးတယ်လို့ ထင်မြင်မိပေမယ့် ရီးရဲနဲ့ ဇာတ်လမ်းကတော့ မကြာခင် တစခန်းရပ်တော့မယ့် အနေထား ရောက်နေပြီလို့ ထင်မြင်မိပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *