ဂိုးပြတ်အနိုင်နဲ့ ဘာစီလိုနာကို ဖိအားပေးလိုက်တဲ့ ရီးရဲမက်ဒရစ် သတင်းနဲ့ အတူ နံနက်ခင်း သတင်းတိုများစုစည်းမှု

sports

> ယမန်နေ့ညသန်းခေါင်ယံ အချိန်မှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်အသင်းက အီဘာအသင်းကို ၃-၁ဂိုးနဲ့ အနိုင်ယူပြီး ဘာစီလိုနာကို ၂မှတ်အကွာနဲ့ ဖိအားပြန်ပေးနိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ တိုနီကရူးစ်၊ ရာမို့စ်၊ မာဆယ်လိုတို့ရဲ့ ပထမဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး အီဘာအတွက် သိက္ခာဆည်ဂိုးကို ပွဲချိန်မိနစ် ၆၀မှာ ဘီဂတ်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

>>> ကိုရိုနာရောဂါကြောင့် လက်ရှိဥရောပ ဘောလုံးပွဲစဉ်တွေမှာ လူစားဝင်ကစားသမား ၅ဦးအထိ အသုံးပြုခွင့် ပေးဖို့ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ခွင့်ပြုထားပါတယ်။

အီဘာနဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းက ပထမပိုင်းမှာ ၃ဂိုးပြတ် အနိုင်ရနေခဲ့ပေမယ့် ရိုဒရီဂွက်ဇ် ကိုတော့ နည်းပြဇီဒန်းက အခွင့်အရေး မပေးခဲ့တာကြောင့် ဂျိမ်းရဲ့ အနာဂတ်ဟာ ရီးရဲမက်ဒရစ် အသင်းမှာ မရှိသလောက် ဖြစ်သွားခဲ့ပြီ ဆိုရပါမယ်။

>>> ရီးရဲလ်အသင်းရဲ့ ခံစစ်မှူးတဦးဖြစ်တဲ့ ရာမို့စ်က သူတို့အသင်းဟာ ရရှိပိုင်ဆိုင်ထားတဲ့ အရာအားလုံးနဲ့ ပေးဆပ်ပြီး ချန်ပီယံဆုအတွက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဘာစီလိုနာအသင်းကို သတိပေးလိုက်ပါတယ်။

လက်ရှိမှာရာသီကုန်ဆုံးဖို့ ၁၀ပွဲလိုအပ်နေသေးပြီး သူတို့၂သင်းကြား ရမှတ်ကွာဟာချက်က တပွဲစာတောင်မရှိတာကြောင့် အချိန်မရွေး အမှတ်ပေးဇယား အလှည့်အပြောင်း ဖြစ်သွားနိုင်ပါတယ်၊

>>> ဒဏ်ရာတွေကြောင့် ပွဲတွေနဲ့ဝေးနေခဲ့ရတဲ့ ရီးရဲလ်တိုက်စစ်မှုး အီဒင်ဟာဇက် တယောက် အီဘာနဲ့ပွဲမှာ ပွဲထွက်စာရင်းပြန်ပါလာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အီဘာနဲ့ပွဲအတွင်း ဟာဇက်ရဲ့ စွမ်းဆောင်ရည် တွေကတော့

ဂိုးဖန်တီးမှု – ၁ကြိမ်

အခွင့်အရေးဖန်တီးမှု – ၃ကြိမ်

ဘောလုံးဆွဲယူကျော်ဖြတ်မှု – ၃ကြိမ်

ပြိုင်ဘက်ကိုတဦးချင်းအနိုင်ယူမှု – ၇ကြိမ်

တိကျတဲ့ဘောလုံးပေးပို့မှု – ၉၀ %

ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဝင်ရောက်နိုင်မှု – ၇ကြိမ်

>>> မန်ယူအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့်လေး ပါရဲယားကို ခေါ်ယူဖို့ အဲဗာတန်၊ဝက်စ်ဟမ်း နဲ့ နယူးကာဆယ်တို့က အပြိုင်ချိတ်ဆက်နေခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။

အသက်၂၄နှစ်အရွယ် ပါရဲယားဟာ ခြေစွမ်း ခြေစ ရှိတဲ့ ကစားသမား အဖြစ် အသိမှတ်ပြုကြပေမယ့် နည်းပြ ဆိုးရှားလက်ထက်မှာ ပုံစံကောင်းတွေ ပျောက်ဆုံးနေပြီး နည်းပြရဲ့ ယုံကြည်မှု ရဖို့ ခက်ခဲနေတဲ့ ကစားသမား ဖြစ်ပါတယ်။

>>> လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ ချဲဆီးလ်နဲ့ အာဆင်နယ်အသင်းတို့ဟာ သူတို့အသင်းရဲ့ ဂိုးသမာ းနေရာကို အားဖြည့်နိုင်ဖို့ ဆောက်သမ်တန်ဂိုးသမား ဖော်စတာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဖော်စတာဟာ လက်ရှိမှာ ဆဲလ်တစ်အသင်းကို အငှားရောက်ရှိနေပြီးဆောက်သမ်တန်မှာ မက်ကာသီ၊ဂန်းတို့ရဲ့နောက် တတိယ ဦးစားပေး အဖြစ်သာ ရှိနေပါတယ်။

>>> ပရီးမီးယားလိဂ်ပွဲတွေ ပြန်စဖို့ သိပ်မလိုတော့ချိန်မှာ ချဲဆီးလ်အသင်းက ကျူပီအာအသင်းနဲ့ ခြေစမ်းသွားခဲ့ပြီး ၇-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ချဲဆီးလ်အတွက်ဂိုးတွေကို လိုတပ်ချိ နဲ့ ဂယ်မာတို့ကို ၂ ဂိုးစီ၊ မေဆွန် မောင့်တ်၊ဝီလီယံနဲ့ ဂျီရူးတို့က ၁ဂိုးစီ သွင်းယူပေးခဲ့ ကြတာဖြစ်တယ်လို့ သိရပါတယ်။

>>> ဂျူဗီအသင်းခေါင်းဆောင် ချီလီနီက လက်ရှိဘောလုံးလောကရဲ့ နာမည်ကျော် နည်းပြတွေဖြစ်တဲ့ ဂွာဒီယိုလာ၊ ကွန်တီနဲ့ အယ်လီဂရီတို့ဟာ စပယ်ရှည်နည်းပြတွေဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် သူ့အစွမ်းကုန် ထိန်းချုပ်ခဲ့ရဖူးတဲ့ ပြိုင်ဘက်ကတော့ ဆွီဒင်သားကြီး မိုဗစ်ဖြစ်တယ်လို့ ချီလီနီကဆိုပါတယ်။

>>> စပိန်ကလာတဲ့သတင်းတွေအရ ဘာစီလိုနာအသင်းနဲ့ ဂျူဗီအသင်းတို့ဟာ ကွင်းလယ်လူတွေဖြစ်တဲ့ အာသာနဲ့ ပီယာနစ်တို့ကို လဲလှယ်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ကိုရိုနာရောဂါ ရိုက်ခတ်မှုကြောင့် ဘဏ္ဍာရေးထိခိုက်မှု ရှိနေလို့ အခုလို ကစားသမားအလဲအထပ်တွေကိုပဲ နွေရာသီမှာ မြင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

>>> အခုနွေမှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာတော့မယ့် သီယာဂိုဆေးဗားလ်ကို ခေါ်ယူနိုင်ဖို့ စပါးနည်းပြကြီး မော်ရင်ဟိုက ပစ်မှတ်ထားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ဒီဘရာဇီးလ် ခံစစ်မှူးကို ခေါ်ယူဖို့ အဲဗာတန်နဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေကြတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

မင်္ဂလာ နံနက်ခင်းပါ ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *