ရေဖျဉ်း အတွက် တရုတ်စံံကားနီ

တရုတ်စကားအနီပင်၏ အခေါက်ကို ခွါယူပါ … အပြင်မှ အကြေးခွံအကြမ်းများကို ခြစ်ပစ်ပါ … အခေါက်တစ်ပိဿာကို လက် ( ၂ ) လုံး ၊ လက်( ၃ ) လုံး ခန့်လေးတွေ ဖြတ်ပါ …

ဒါန်အိုးကြီးကြီးတစ်လုံးတွင် ထည့်ပါ … ထန်းဖိုဦးထန်းလျှက် ( ၂၀ ) ကျပ်သား ထည့်ပါ …ထို့နောက် ရေသုံးပိဿာထည့်ပြီး ကျိုပါ …

ဆေးရည် တစ်ပိဿကျန်သည်အထိ ကျိုပြီး ဆေးရည်တစ်ပိဿာကျန်လျှင် ချပြီး ဆေးရည်ကို ပိတ်ပါး ရေစစ်ဖြင် စစ်ယူပါ … ထို့နောက် သန့်ရှင်းစင်ကြယ်သော ပုလင်းတွင်ထည့်ပြီး သိမ်းဆည်းထားပါ ခင်ဗျာ …

ဆေးရည် ဂုဏ်သတ္တိအစွမ်း

ဆေးရည်၏အရသာမှာ ခါး၏ …

ဆေးရည်ကို လူနာဝေဒနာရှင်များ တစ်နေ့ သုံးကြိမ် ( နံနက် ၇ နာရီ ၊ နေ့ ၂ နာရီ ၊ ည အိပ်ယာဝင်အချိန် ) … တစ်ခါသောက် အကြမ်းပုဂံတစ်လုံး ခန့် သောက်ပေးပါ …

အထက်ဆိုခဲ့သည့်အတိုင်းတစ်နေ့သုံးကြိမ်မှီဝဲပါကမကြာခင်မှာဘဲရေဖျင်းရောဂါသက်သာပျောက်ကင်းပါလိမ့့်မယ်လို့သိရှိရပါတယ်ခင်ဗျာ

Ko Naing Mdy(တိုင်းရင်းဆေးသုတ)