သွေးတိုးရှိလျှင်ပျောက်ပါစေ

သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတာကြာခဲ့ပါပြီ။ သွေးတိုးရောဂါရဲ့ ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။

ဒီလို ဒုက္ခပေးတဲ့ သွေးတိုးရောဂါကို မဆိုးဝါးအောင် ဆေးအပြင် အစားအသောက်နဲ့လည်း ကုသရပါမယ်။

အိမ်တိုင်းမှာလိုလိုရှိတတ်တဲ့ မီးဖိုချောင်သုံးပစ္စည်းလေးများနဲ့ သွေးတိုးရောဂါကို သက်သာစေမယ့် နည်းလမ်းကို ဖော်ပြပေးလိုပါတယ်။

၁။ ကြက်သွန်နီဖြူ ၊သံပယိုသီး

” ဖန်ခွက်တစ်ခုထဲသို့ ကြက်သွန်နီကို အခွံခွာပြီး အတုံးလေးတွေလှီးထည့်ထားပါ။ ပြီးလျှင် ငရုတ်ကောင်း/ကြက်သွန်ဖြူ/ သံပယိုရည်ထည့်ပါ။ မွှေပြီး ရေထည့်ကာ ၁ညလောက်စိမ်ထားပါ။

မိုးလင်းလျှင် ဇကာနဲ့ရေစစ်ပြီး တစ်ရက်လျှင် လက်ဖက်ရည် ၁ဇွန်းသောက်ပေးပါ။ ၉ရက်တိတိသောက်သုံးလို့ရပါတယ် ”

၂။ သရက်ရွက်

” သရက်ရွက် ၂ရွက်လောက်ကို ရေနွေးထဲထည့်ပြီး အဖုံးဖုံးထားပါ။ အေးတဲ့ထိထားပြီး တစ်ရက်ကို ၂ခွက်လောက် သောက်ပေးပါ။

၃ရက်ဆက်တိုက်သောက်သုံးပေးရင်တော့ သိသိသာသာသက်သာလာတာ တွေ့ရမှာပါ ”

၃။ ဟင်းနုနွယ်နှင့်သံပယိုသီး

” ဟင်းနုနွယ်ရွက် တစ်စည်းကို အရွက်ချွေ ရေဆေးပြီးး ပါးပါးလှီးလိုက်ပါ။ သံပယို ၁လုံးကို အရည်ညှစ်ပြီး ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း၊

ရေ ၁ခွက်နှင့် ဟင်းနုနွယ်ရွက်ကို ဖျော်ရည်ဖျော်စက်ထဲထည့်ဖျော်ပေးပါ။ တစ်ပတ်လျှင် ၂ကြိမ်သောက်သုံးပေးသင့်ပါတယ် ”

သွေးတိုးလျှင် မူးပါသည်သွေးကျလျှင်လည်း မူးပါသည်

သို့အတွက် ဆေးသောက်ချိန် သွေးပေါင်ချိန်၍ သောက်သင့်ပါသည် ။

SayarMyo

ကျန်းမာရေး ဗဟုသုတ