ကိုယ်ဖေါယောင်ခြင်းအတွက် သိပ်မခက်

ယခုဖေါ်ပြမည့်ဆေးသည် ကိုယ်ဖေါကိုယ်ယောင်ရောဂါအတွက် အထူးကောင်းမွန်သောဆေးကောင်းတစ်လက်ဖြစ်ပါသည်။

ဖေါယောင်ရောဂါဆိုတာခန္ဓာကိုယ်တွင် ရေဓါတ်ကြောင့်ဖြစ်စေ လေဓါတ်ကြောင့်ဖြစ်စေတစ်ကိုယ်လုံးယောင်နေခြင်းကို ဆိုလိုသည်။ ။

ဥပမာ…ကျောက်ကပ်မကောင်းလို့ ဖေါယောင်နေတာ (သို့ိ) လေဖြန်းပြီးဖေါယောင်တာ အသည်းအလုပ်လုပ်မှုအားနည်းလို့ဖေါယောင်တာ ခန္ဓကိုယ်ရေဓါတ်စွန့်ထုတ်မှုနည်းလို့ဖေါယောင်တာ

တစ်နည်းပြောရရင် အာပေါဆယ့်နှစ်ပါးတွင်ယိုစီးအာပေါခေါ်တဲ့ ချွေး။ ဆီး ။ ဝမ်း ။ ဆိုတဲ့သုံးပါးပျက်နေလျှင်ခန္ဓာကိုယ်ဖေါယောင်တတ်ပါတယ်။

” မည်သို့သောဖေါယောင်မှုဖြစ်ပါစေယခုပေးမည့်ဆေးက ကယ်မပေးပါလိမ့်မယ် ”

ဆေးနည်း

1/ ရေခံတက်(ရေကတက်)ခေါက်…=100%

2/ကြောင်ပန်းရွက်……………………= 100%

3/ကြက်သွန်ဖြူ………………………=20%

4/ရှောက်သီးအရည်………………=1 လီတာ

အမှတ် 1/2/ ကိုအခြောက်လှန်းအမှုန့်ပြုပါ။

၎င်းအမှုန့်ပြုပြီးသားဆေးမှုန့်တွင် ကြက်သွန်ဖြုူညက်စွာကြိတ်ပြီးရှောက်ရည်နှင့်ရောမွှေပါ။ပြီးလျှင်ဆေးတွဲအောင်ထမင်းရည်သင့်ရုံထည့်ပြီးဆေးတောင့်ဆေးပြားပြုလုပ်ပြီးနေပူတွင်နှစ်ရက်ခန့်လှန်းပါ။

လေလုံံသောပုလင်းထဲထည့်ထားပြီးနံနက် ညပုံမှန်နှစ်ကြိမ်စားပေးပါက … … …

တစ်ကိုယ်လုံးဖေါယောင်ပြီးခြေလက်လေးနေတာတွေပျောက်ကင်းမှာဖြစ်ပါတယ်။

ဖေါ်စားလိုသောသူများ…ဆေးအချိုးတိကျစွာဖေါ်စားပါရန်။

ဘေးထွက်ဆိုးကျိုးလုံးဝ(လုံးဝ)မရှိပါ။

ကျောက်ကပ်အားနည်းတာအထူးသက်သာပါသည်။

သုံးစွဲရန်ပမာဏ…

တစ်ခါသောက်လျှင်2 ပဲသားခန့် တစ်နေ့နှစ်ကြိမ်။ အစာမစားမီသောက်ပါ။

ဘေးပြောတာမယုံံနဲ့ ဆေးပြောတာယုံ

စိုင်းမင်းသန့်