“ယမမင်းကြီးဆိုတာ သူတော်ကောင်းကြီးပါ”(ပါချူပ်ဆရာတော်ဘုရားကြီး)

“ယမမင်းကြီးဆိုတာ သူတော်ကောင်းကြီးပါ”(ပါချူပ်ဆရာတော်ဘုရားကြီး)

ယမမင်းဆိုတာ “ဝေမာနိက ပေတရာဇာ” ဗိမာန်ရှိတဲ့ ပြိတ္တာဘုရင်ကြီးတစ်ဦးပါ။

ယမမင်းကြီးဆိုတာတကယ့် သူတော်ကောင်းကြီး။
အင်မတန်မှ ကရုဏာကြီးမားတယ်။
သူရဲ့ဘ၀က ဒီဝမောနိကပြိတ္တာဘဝဖြစ်တယ်။

နတ်ပြည်ခြောက်ထပ်မှာ အနိမ့်ဆုံးဖြစ်တဲ့
စတုမဟာရဇ်နတ်ထဲမှာ ပါတယ်။
ဘုံဗိမာန်လည်း ရှိတယ်။အစွမ်းတန်ခိုးလည်း ရှိတယ်။
ယမမင်းက ငရဲမှာ သွားရုံးထိုင်ပြီး စီရင်ချက်တွေ
ချနေတယ်လို့ ဒီလိုထင်နေကြတယ်။

`ဟောဒီလူဖြင့် ငရဲခံစေ´
`ဟိုလူဖြင့် ငရဲကလွတ်စေ´လို့
ဒီလို စီရင်ချက်ချတာမျိုးတွေကို သူမလုပ်ပါဘူး။

ကယ်လို့ရမယ့် ပုဂ္ဂိုလ်ကိုကယ်ဖို့ပဲ သူသွားတယ်။
ငရဲကို တွန်းချတာမျိုး မရှိဘူး ကယ်လို့ရတဲ့ ပုဂ္ဂိုလ်ကို ကယ်တယ်။
ဘယ်နည်းနဲ့ ကယ်တုန်းဆိုရင် ကုသိုလ်ကောင်းမှုကို
သတိဖော်ပေးတယ်။အမှတ်ရစေတယ်။
အမှန်တကယ် ကယ်လိုက်တာက `ကုသိုလ်´လုပ်တဲ့ ကုသိုလ်ကံကကယ်လိုက်တာလို့ပဲ မှတ်ရမယ်။

နတ်တွေဟာ လူ့ပြည် လူ့ဘဝကိုအင်မတန်မှ တန်ဖိုးထားတယ်။ဘာကြောင့် တန်ဖိုးထားကြသလဲ။

လူ့ဘဝက နတ်ဘဝထက် ချမ်းသာလို့ တန်ဖိုးထားတာလား။ မဟုတ်ဘူး။နတ်တို့ထက် အသက်ရှည်လို့
တန်ဖိုးထားတာလား။ မဟုတ်ဘူး။နတ်တို့ထက် လူတို့က လှနေလို့ တန်ဖိုးထားတာလား။ မဟုတ်ဘူး။
ဘာအတွက် တန်ဖိုးထားကြသလဲဆိုရင်
`ကုသိုလ်လုပ်ခွင့်ရလို့´ တန်ဖိုးထားကြတာပါ။

ယမမင်းကြီးက ဘာကို တောင်းတသလဲဆိုရင်

`အေဟာ ၀တာဟံ
မနုဿတံ လဘေယျံ´

( ၁ ) လူ့ဘ၀ကို ရချင်ပါတယ်။

( ၂ ) လူ့ဘဝ ဖြစ်နေတဲ့အချိန်မှာ ဘုရားပွင့်တဲ့အချိန်နဲ့လည်း ကြုံချင်ပါတယ်။

( ၃ ) ဘုရားပွင့်တဲ့အချိန်မှာ ဘုရားပွင့်ရာ အရပ်မှာ လူဖြစ်ပြီး ဘုရားကို ဆည်းကပ်ကိုးကွယ်ခွင့် ရချင်ပါတယ်။

( ၄ ) ဘုရားပွင့်ရာအရပ်မှာ လူဖြစ်ပြီး မြတ်စွာဘုရားက တရားဟောကြားတာကို နာယူချင်ပါတယ်။

( ၅ )မြတ်စွာဘုရားကတရားဟောကြားတာကို နာယူကာ
သိရှိနားလည်ကာ သံသရာ၀ဋ် ဆင်းရဲမှ လွတ်ငြိမ်းချင်ပါတယ်။

ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ
အပေါင်းတို့ကလည်း တရားတော်ကို ကိုယ်စီ ကိုယ်စီသဘောကျပြီးတော့ပုထုဇဉ်ဘ၀ကို လွန်မြောက်ပြီး သောတာပန် သကဒါဂါမ် အနာဂါမ် စတဲ့ထူးခြားတဲ့အရိယာ ပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
..crd..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*