ပါမောက္ခချူပ်ဆရာတော်ကြီး မိန့်ကြားသော ” မြဲတယ်ဆိုတဲ့အရာ တခုမှ မရှိပါဘူး “

” မြဲတယ်ဆိုတဲ့အရာ တစ်ခုမှ မရှိပါဘူး ”

မြတ်စွာဘုရား က ဘယ်လောက်ထိအောင်
ရှင်းရှင်းလေးဟောထားလဲဆိုရင်
“အင်မတန် သေးငယ်တဲ့
မြေမှုန်လေးလောက်တောင်မှပဲ
လောကကြီးမှာ မြဲတယ်ဆိုတဲ့အရာ မရှိပါဘူး။
အကယ်၍ မြေမှုန်လေးလောက်
အရာလေးတစ်ခုတောင်
မြဲတဲ့အရာ ရှိတယ်ဆိုရင် မြတ်သောအကျင့်
ကျင့်စရာမလိုပါဘူး” တဲ့

ဆိုလိုတာက တရားဓမ္မ တွေ
ကျင့်သုံးနေရတာဟာ မမြဲလို့ ကျင့်သုံးရတာ။
မမြဲတဲ့အရာတွေ ပြောင်းလွှဲနေတဲ့အရာတွေ
ဖြစ်နေလို့ မခိုင်မြဲလို့ –
ဒါတွေကို နားလည်သဘောပေါက်အောင်
ကျင့်သုံးရတယ်လို့ ပြောတာ။
မြဲတဲ့အရာ ရှိနေလို့ရှိရင်
ဘာမှကျင့်သုံးစရာ မလိုဘူး။
သူ့သဘောအတိုင်း မြဲသွားမှာပေါ့နော်…

မြတ်စွာဘုရား ရဲ့ အလိုတော်က
ရုပ်နာမ် နှစ်မျိုးပဲရှိတယ်။ ခန္ဓာငါးပါးပဲ ရှိတယ်။ အဲဒီခန္ဓာငါးပါးဟာ အနတ္တပဲ။
ရှုပက္ခန္ဓာဟာ အတ္တလားဆို အတ္တ မဟုတ်ဘူး။
မြဲနေတဲ့အရာ မဟုတ်ဘူး။
ဝေဒနာက္ခန္ဓာလည်း အတ္တမဟုတ်ဘူး။
သညာဏက္ခန္ဓာလည်း အတ္တမဟုတ်ဘူး။
သခါင်္ရက္ခန္ဓာ ဝိဉာဏက္ခန္ဓာလည်း
အတ္တမဟုတ်ဘူး။
ဒါဖြင့် လူတွေဟာ ခန္ဓာငါးပါး အပြင်
ဘာရှိသေးတုန်းဆိုရင် ဘာမှမရှိဘူး။
သူတို့အလိုဆိုရင် ခန္ဓာ ငါးပါးအပြင်
အတ္တ ဆိုတာ ရှိနေကြသေးတယ်။

အဲဒီတော့ မြတ်စွာဘုရားက အတ္တ ဆိုတာ
ခန္ဓာငါးပါးထဲက တစ်ခုခု လွှဲမှားစွာ
အမည်တပ်ထားခြင်းသာ ဖြစ်တယ်တဲ့။
အဲဒီ ခန္ဓာငါးပါးထဲမှာ
လိုက်ရှာကြည့်လိုက်လို့ ရှိရင်
ထာဝရမွဲနတေဲ့အတ်တ ဆိုတာ
တစ်ခုမှ မရှိဘူးလို့ မြတ်စွာဘုရားက
ရှင်းရှင်းလေးဟောတာနော်…

ခန္ဓာငါးပါးထဲမှာလည်း မရှိဘူး။
ခန္ဓာငါးပါးရဲ့ အပြင်မှာလည်း မရှိဘူး ။
ခန္ဓာငါးပါးသည် အတ္တလည်း မဟုတ်ဘူး။
ခန္ဓာငါးပါးရဲ့ အပြင်မှာလည်း အတ္တမရှိဘူး။
အတွင်းထဲမှာလည်း မရှိဘူး။
ဘယ်နေရာမှ မရှိဘူးလို့ ဒီလိုဆိုလိုတာနော်။
အဲဒီတော့ လောကကြိးမှာ
မြဲတဲ့အရာ တစ်ခုမှ မရှိပါဘူး။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။
..crd..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*