**ငါးပါးသီလကို သာမန်ကြည့်ရင်**နှင့် **ဆုံးမပါ မရိုက်ပါနှင့်**..ပါချူပ်ဆရာတော်ဘုရားကြီး

**ငါးပါးသီလကိုသာမာန်ကြည့်ရင် **

ဒါ သီလလေးပဲ ဆိုပြီးတော့
အထင်သေးကောင်းသေးလိမ့်မယ်။
ဘာဝနာမလုပ်ရင် မရဘူးတို့၊
သမာဓိလုပ်ငန်းဝေးရင် မရဘူးတို့၊
ပြောကောင်း ပြောလိမ့်မယ်။

ငါးပါးသီလဟာ မဂ္ဂင်ရှစ်ပါးထဲမှာ
ကြည့်လိုက်မယ်ဆိုရင်
သမ်မာဝါစာ၊ သမ်မာကမ်မန်တ၊ သမ်မာအာဇီဝပဲ။
အဲဒီငါးပါးသီလနဲ့ …
လုံလုံခြုံခြုံ အသက်မွေးရင်
သမ္မာအာဇီဝဖြစ်တယ်။

သမ္မာအာဇီဝဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ
ပါတဲ့အတွက်ကြောင့် မြတ်စွာဘုရားက
မဂ္ဂင်ရှစ်ပါးဆိုတာ မဇ္ဈိမပဋိပဒါပဲ။

မဇ္ဇိုမပဋိပဒါကို …
ဘုရားက ဘယ်လိုဟောတုန်း။
” စကခြုကရဏီ၊ ဥာဏကရဏီ၊ဥပသမာယ အဘိညာယ
သမ္ဗောဓာယ နိဗ္ဗာနာယ ”
နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်တဲ့
သတ္တိ ရှိတယ်တဲ့။

ငါးပါးသီလလုံအောင် ကျင့်နေခြင်းသည်ပင်
မဂ္ဂင်ရှစ်ပါး အကျင့်တရားထဲက သမ္မာဝါစာ၊
သမ်မာကမ်မန်တ၊ သမ်မာအာဇီဝကို
ကျင့်ရာမရောက်ဘူးလား။
ရောက်တယ်တဲ့။

အဲဒါမပါရင် ကျန်တဲ့သမ္မာဝါယာမ၊
သမ္မာသတိတို့၊ သမ္မာသမာဓိတို့ဆိုတာ
မဖြစ်နိုင်ဘူး။
သူက ပိုပြီးတော့ အခြေခံကျတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက
ငါးပါးသီလဟာ ရှောင်ကြဉ်လိုက်တယ်လို့
ဆိုလိုက်တာနဲ့တစ်ပြိုင်နက် ကုသိုလ်တွေ
ကိုယ့်သန္တာန်မှာ စီးဝင်ပြီးတော့
နိဗ္ဗာန်လမ်းကြောင်းပေါ်မှာ ဦးတည်မိတာနဲ့
အတူတူပဲပေါ့။

မဂ္ဂင်ရှစ်ပါးအကျင့်တရားထဲက
အဲဒီသုံးပါး ကျင့်လိုက်မိပြီပေါ့။
သုံးပါးပေါ် ရောက်လာပြီဆိုရင်
ကျန်တဲ့ငါးပါးအပေါ်ရောက်ဖို့
ကိုယ်ကဆက်လုပ်ဖို့ပဲ
ကျန်တော့တယ်ပေါ့။

..ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ..

**ဆုံးမပါ မရိုက်ပါနဲ့**

ရိုက်နှက်တာဟာ…
နောက်ဘဝကျတော့ အရသာကြောတွေ
ပျက်စီးစေတတ်တဲ့ အကျိုးပေးတယ်။
” စားလို့သောက်လို့ ခံတွင်းမကောင်းဘူး ”
ဆိုတဲ့ သူတွေ ကြပ်ကြပ်သတိထား၊
ဟိုဘဝတုန်းက ရိုက်နှက်ခဲ့လို့ ‘ ခံတွင်းပျက်တယ်၊
ခံတွင်းပျက်တယ် ‘ နဲ့ ခဏ ခဏ ဟြေနေကြတယ်။

အဲဒီတော့ မရိုက်ဘဲနဲ့ လိမ္မာယဉ်ကျေးအောင်
နားလည်အောင် ဆုံးမတာဟာ အကောင်းဆုံးပဲ။
မရိုက်မနှက်ပဲ အကျိုးသင့်အကြောင်းသင့် ဟြေပြပြီး
ဆုံးမသွန်သင်ပါ။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

..crd…
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*